🩵 Namjoon na 🩵

0 0 0
                                    

သို့/
နေကောင်းလား လူကြီးလေးရေ
မွေးနေ့ဆုတောင်းဖို့ တဖန်ပြန်ရောက်လာပြီနော်
အခုနှစ်နဲ့ဆို ဘယ်နှကြိမ်မြောက်လဲနော်

"လူကြီး"လို့သာ ခေါ်ရတယ် ကိုယ့်ထက် တနှစ်ငယ်တဲ့ကောင်လေး၊ BTS ရဲ့ Leader, Army တို့ရဲ့ လမ်းပြကြယ်လေး ငယ်ငယ်လေးနဲ့ အသက်အရွယ်နဲ့မမျှတဲ့ဝန်တွေထမ်းထားရတာ balance ဖြစ်အောင် ဟိုဘက် ဒီဘက် ကြည့်ပေးရတဲ့ "ပေါင်းကူးတံတား"လေး၊ anti တွေရဲ့ အမုန်းခံရဆုံးလူသားလေး ဒီ့ထက်မက အများကြီးပျော်ရွှင်ပြီးကျန်းမာပါစေနော် စစ်မှန်တဲ့ပျော်ရွှင်ခြင်းတွေပဲ စစ်မှန်တဲ့ချစ်ခြင်းအလင်္ကာတွေရဲ့အသိုက်အဝန်းထဲမှာပဲ အမြဲတောက်လျှောက်ကျင်လည်နေပါနော်....🩵

ချစ်ရသောသူ 💜
********************************************************
Nam Joonie ရေ
အများကြီးလုပ်နိုင်မယ် အများကြီးဂရုစိုက်နိုင်မယ်ဆိုတာ ယုံကြည်လို့ ထွေထူးပြီးတော့ အများကြီးမမှာတော့ဘူးနော် ကောင်လေး 🩵

တကယ်တော့ Joonie ကိုမှ တကယ်အားနာစရာ ငယ်ရွယ်ပေမယ့်လည်း Leader တဦးရဲ့တာဝန်တွေ ငယ်ငယ်လေးနဲ့ထမ်းထားရတာမို့ member တွေအပြင် fan တွေရဲ့ ချစ်ကြောက်ရိုသေရသော ကောင်လေး
ဒါပေမယ့် ရိုးရိုးသာမန်ကောင်လေးတယောက်ကိုမှ idol မို့လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ သူ့အတွက်နဲ့ ဘယ်သူမှ imageမထိခိုက်အောင် ကြိုးစားနေပေးတဲ့ကောင်လေး
ပညာရှိပိီပီ ဘယ်အရာမဆို အမြဲဂရုတစိုက်နဲ့ အရာအားလုံးကို စဉ်းစားတွေးခေါ်ပုံတွေကအစ ဘယ်သူနဲ့မှမတူဘဲ လက်တွေ့ကျတယ်ဆိုတာထက် သဘာဝကျကျ နည်းလမ်းကျကျ သမာသမတ်ကျကျ တွေးခေါ်ဆုံးဖြတ်ပေးရတဲ့ကောင်လေး
(ရပ်ကွက်တကာလှည့် စက်ဘီးလေးစီးပြီး ပန်းခြံမှာ ဇိမ်ကျကျ စာအုပ်လေးဖတ်ချင်တဲ့သူကိုမှလေ) ထမ်းခိုင်းရတဲ့ဝန်တွေက များလိုက်တာ အရွယ်နဲ့တောင်မလိုက်
အခုလည်း မနက်ဖြန်ဆို Military Service ကို 18 Mon တောင် ဝင်ရတော့မယ်၊
"သူဆိုရင်တော့ လုပ်နိုင်မှာပါ" ဆိုတဲ့အကြောင်းပြချက်နဲ့ ထူးထွေပြီး စိတ်မပူမိပြန်ဘူး
မသွားခင်လေး ကိုယ်တွေအတွက် အများကြီးအားစိုက်ပြီး နေ့မနားညမနား လုပ်ပေးသွားမှာတွေကို တခါတလေ သူ့ Live မှာ တခါတလေ story တွေမှာ မြင်မိတဲ့အခါ အားတုံ့အားနာဖြစ်မိပေမယ့် ကိုယ်တိုင် One of the Armies FD ဖြစ်ရတာ ကျေနပ်မဆုံး ဂုဏ်ယူမဆုံး ဝမ်းသာမဆုံးဘဲ၊ မျှော်လင့်ထားတာထက် အများကြီး ပိုအချစ်ခံရတယ်လို့ ခံစားမိလို့ အများကြီးလည်း ကျေးဇူးတင်ပါတယ်

🫶 I adore you 🫶Where stories live. Discover now