💜 Many returns of the day 💜

5 2 0
                                    

"ပျော်ရွှင်စရာမွေးနေ့လေးဖြစ်ပါစေ ကူးငယ်"

အမြဲတမ်း ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့နေသွားပေးပါ၊ ဘာတခုမှပြန်ရဖို့ မမျှော်လင့်ထားဘူး၊
ဒါပေမယ့် ကိုယ်မြတ်နိုးတဲ့သူကိုတော့ ပျော်စေချင်တယ်၊ ပကတိအတိုင်း ဟန်ဆောင်မှုကင်းကင်းလေးနဲ့ပဲ ပျော်နေတာလေးကို မြင်ချင်တယ်၊ ကူးငယ် ချစ်တဲ့မိသားစု၊ ကူးငယ်ချစ်တဲ့သူငယ်ချင်းတွေ၊ ကူးငယ်အမြတ်တနိုးတန်ဖိုးထားတဲ့သူတွေအကုန်လုံးကိုလည်း လိုက်ပြီးချစ်ပေးမှာ၊ ကူးငယ်ဖန်တီးတဲ့ အနုပညာ ရသတိုင်းကိုလည်း အတူမျောပါစီးမျောပေးဦးမှာ ပြီးတော့
ဘယ်အချိန်ပဲဖြစ်ဖြစ် ကူးငယ်သာ "ပထမ"ဆိုတာယုံနော်၊
ဘယ်အချိန်အထိ အတူရှိသွားနိုင်မလဲဆိုတာ မပြောနိုင်ပေမယ့် ကူးငယ်ကမ်းပေးတဲ့လက်ကိုဖမ်းဆုပ်လိုက်မိကတည်းက ဒီလူတွေမှ ဒီလိုဖြစ်သွားတဲ့သူမို့ သံယောစဉ်မေတ္တာတရားတွေကိုတော့ စိတ်ချလို့ရပါတယ်၊ ခရမ်းရောင်တွေ လွှမ်းမိုးနေတဲ့ ခရမ်းပြာသမုဒ္ဓရာထဲတော့ အရောက်လာနိုင်အောင် ကြိုးစားနေတာမို့ တနေ့တော့ သေချာပေါက် တွေ့ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ နေ့ရက်တိုင်းကိုရှေ့ဆက်နေပါတယ်၊
ကူးငယ်တို့ ခရီးထွက်နေမယ့်အချိန်တွေမှာလည်း ကိုယ့်ကိုကိုယ် ကာကွယ်တတ်အောင်၊ ဒီ့ထက်ပိုသန်မာလာအောင်၊ ဒီ့ထက်ပြုံးနိုင်လာအောင် ကြိုးစားအသက်ရှင်နေပါ့မယ်၊ မဟုတ်တဲ့အတွေးတွေ မစဉ်းစားဘဲနေနေမှာမို့ စိတ်ချနေပါနော်...

အမှောင်ခန်းထဲ တိုးချင်လာရင် ကော်ဖီတခွက်ဖျော်ပြီး ကူးငယ်တို့သီချင်းတွေနားထောင်တာဖြစ်ဖြစ်၊ ကူးငယ်တို့ရဲ့ ဖန်တီးထားတာတွေကိုကြည့်ရင်း အချိန်ကုန်နေပါမယ်လို့ကတိပေးပါတယ်နော်၊ စိတ်မချရအောင် မနေပါဘူး၊ ဂျင်ပြောသလို telepathy ကို ယုံတာမို့၊
အဲ့ဒါကြောင့်လေ ကူးငယ်တို့လည်း ခရီးစဉ်တလျှောက်လုံး မနာမကျန်း မထိခိုက်ဘဲ အမြန်ဆုံးပြန်လာခဲ့မယ်လို့ ကတိလေးပေးနော်၊ ကိုယ် စောင့်ကြိုနေမှာမို့ ဘယ်မှထွက်မပြေးဘဲ အမြဲကြိုဆိုနေမှာမို့ ထွက်သွားမလား မေ့သွားမလားဆိုတဲ့ မဟုတ်တဲ့အတွေးတွေခေါင်းထဲက ဖယ်ထုတ်လိုက်ပါနော်၊
အဲ့အချိန်တုန်းက ကူးငယ်တို့သာ တယောက့်ပြီး တယောက်လာမခေါ်ခဲ့ရင်၊ ကူးငယ်သာ အတင်းအကြပ်ဆွဲမထုတ်ခဲ့ရင် ဒီနေ့ ကိုယ်ဆိုတဲ့ဖြစ်တည်မှုတွေ ဒိီလိုတွေရေးနိုင်ပါတော့မလားဘဲနော်
{မြူမှုန်မဖြစ်ခင် စက္ကန့်၊မိနစ်လေးပဲ ကျန်တော့တာကိုနော် 😉}

🫶 I adore you 🫶Where stories live. Discover now