🐻 Taehyungie 🤎

2 0 0
                                    

ချစ်ရပါသော Tae 🤎
         အိမ်ပြန်ရောက်တဲ့အထိ မင်းကိုစောင့်နေမှာမို့ အရာအားလုံးကို သတိဝိီရိယရှိစွာဖြင့် ဂရုစိုက်ပါနော်

သေးသေးလေးတောင်အထိအခိုက်မခံနိုင်လို့ မင်းကတော့ သတိပြုပေးပါ

(၁၈) လ အတွင်း အစစအရာရာ ဂရုစိုက်ဖို့နဲ့
MS ကို မင်းတစ်ယောက်တည်းသွားနေတာမဟုတ်ပဲ ကိုယ့်နှလုံးသား ကိုယ့်အသက်ဝိညာဉ်ပါ ထည့်ပေးလိုက်တာမို့လည်း အများကြီးဂရုစိုက်ပြီး စောင့်ရှောက်ပေးပါ၊ နောက်ပြီး တယောက်တည်းမို့လို့ဆိုတဲ့အတွေးနဲ့ အထီးကျန်ခြင်းကင်းဝေးအောင် အနားမှာ အမြဲတမ်းရှိနေမှာမို့ ဘာဖြစ်ဖြစ် အားမငယ်ပါနဲ့ကွာ။

Physically, mentally ဘာတခုမှ မထိခိုက် မနာကျင်ပါစေနဲ့၊ ဒဏ်ရာသေးသေးလေးတောင် မရအောင်လည်း ဂရုစိုက်ပြီး နေပေးပါနော်

ဒါလေးတခုတော့ တောင်းဆိုချင်တာမို့
ကတိပေးပြီးမှ သွားပါနော်၊

ကျန်းမာစွာနေထိုင်ပြီး ခရီးကို ပျော်ရွှင်စွာပဲဖြတ်သန်းပါ၊ အပေါင်းအဖော်အသစ်တွေရဲ့ အလယ် အချစ်ခံနေရမှာလည်း သိတာမို့ ပူစရာမလိုလည်းဘဲ ပူပါတယ်

ချစ်တာကိုးနော်

ဒီနေရာလေးမှာပဲ ရှိနေမှာဖြစ်ပြီး ထားခဲ့တဲ့အတိုင်းလေးပဲ နေနေမှာမို့ စိတ်ချလက်ချထားခဲ့ပြီး ကိုယ်ေတွေအတွက်တော့ တွေးမပူပါနဲ့နော်
မင်းရဲ့အောင်မြင်မှုတွေတိုင်းကို လက်ခုပ်တီးဖို့ ဂုဏ်ယူဖို့ ဘာမဆို အားပေးပြီး supporting လုပ်ဖို့အတွက် ဒ္ဘက်မှာတော့ အကုန်လုံး အဆင်သင့်ဖြစ်နေပါပြီ။

ပြီးတော့ ငါတို့အတွက် စိတ်မပူပါနဲ့လို့ ထပ်လောင်းပြောကြားပါရစေနော်၊
မင်းဘာပဲလုပ်လုပ် ဘာပဲရွေးချယ်
ရွေးချယ်မှုတိုင်းကို အမြဲတမ်းလေးစားလိုက်နာပေးမှာမို့
ငါတို့ အရမ်းဂုဏ်ယူတယ်။

ဒါကြောင့် အစစအရာရာ ဂရုစိုက်ကြပါနော် ချစ်တို့ရေ 🐻

မင်းက သန်မာတဲ့လူဆိုတာ သိပြီးသားမို့ ထူထွေစိတ်ပူစရာမလိုဘူးဆိုပေမယ့်လည်း ချစ်တဲ့သူအတွက်ဆို စိတ်ပူတာ စိုးရိမ်တာကတော့ သဘာဝပဲမို့
အဲ့အတွက်ပြောဆိုရမှာ သတိပေးရမှာ မှာရမှာတွေက ရာနှုန်းပြည့် အခွင့်အရေးရှိပြီးသားမို့ မလိုအပ်တာတော့ မဟုတ်ဘူးဆိုတာ သိတယ်မလား 🤎

You've reached the end of published parts.

⏰ Last updated: Dec 11, 2023 ⏰

Add this story to your Library to get notified about new parts!

🫶 I adore you 🫶Where stories live. Discover now