Everything starts here

58 4 0
                                    

" ရှောင်းကျန့် လမ်းသွားရင် အဲ့နားကြပ်ကို
တပ်မထားနဲ့ဆိုတာကို တပ်ထားပြန်ပြီ!!"

နောက်ဆုံးနှစ် ဖြစ်တဲ့ တက္ကသိုလ် ကျောင်းသား
ရှောင်းကျန့်ရဲ့ တစ်နေ့တာက ဤသို့စတင်သည်။
မိဘတွေမရှိတဲ့သူက အမေ့ရဲ့ညီမ တစ်ဦးသော ဒေါ်လေးဖြစ်သူ အပျိုကြီးနှင့်နေသည်။

ရှောင်းကျန့်တို့က ချမ်းသာတဲ့အသိုင်းအဝိုင်းထဲကမဟုတ်သလို ဆင်းရဲနေတာမျိုးလဲမဟုတ်။ သူ့နေရာနဲ့သူစားနိုင် ဝတ်နိုင်တဲ့ အလယ်လတ်တန်းစား လူတန်းစားထဲကဖြစ်သည်။

ရှောင်းကျန့်က သီချင်းတွေကိုရူးသွပ်တယ်။ သီချင်းတိုင်းကိုတော့မဟုတ်ဘူး။သူ သဘောကျရတဲ့ သူ့ရဲ့ Idolဟူသည့် တစ်ယောက်တည်းသာသူရဲ့ သီချင်းတွေကိုဘဲ ရူးသွပ်တာ..။

ကျောင်းသွား ကျောင်းပြန် သူ့ရဲ့တစ်ခုတည်း‌သောနားကြပ်ကလေးကသာလျှင် သူ့ရဲ့သူငယ်ချင်း..။
သူ့ဒေါ်လေးက အပျိုကြီးဖြစ်တဲ့အလျောက် အရာရာကို စိတ်ပူတတ်လွန်းတယ်။ လမ်းသွားရင်း နားကြပ်မတပ်ဖို့ကို ထိုသို့အမြဲဆူပူပြောဆိုတတ်သည်။

သို့သော် သူနားမထောင်ဖြစ်...။သူ့Idolရဲ့ သီချင်းလေးနားထောင်ရင်း ကျောင်းသွားကျောင်းပြန် လုပ်ရတာက သိပ်ကို ကြည်နူးစရာ ။ မြင်သမျှအရာတိုင်းကလှနေတတ်သလို။ သူ့စိတ်ကလေးလဲ ပျော်လို့။

ကျောင်းဝတ်စုံအပေါ်  အဖြူရောင်ဆွယ်တာလေး ထပ်ဝတ်ထားတဲ့ ရှောင်းကျန့်က ဖိနပ်ကို ကတိုက်ကရိုက်စီးပြီး သူ့ဒေါ်လေးရဲ့ နေ့စဉ်နဲ့အမျှပြောနေကြအော်သံကိုလျစ်လျူရှုလိုက်ပါတယ်။

အနည်းငယ် မျက်စိမှုန်တဲ့သူမို့
အောက်လျှောကျနေတဲ့ မျက်မှန်အဝိုင်းမကျလေး
ကို နှာခေါင်းပေါ်ပင့်တင်လိုက်တယ်။လက်ထဲမှာလဲ  Show ပွဲ Ticket လေးတစ်ခုကို သေချာဆုပ်ကိုင်ထားသေးတယ်။

ဒီနေ့က သူ့ရဲ့အရေးကြီးတဲ့နေ့...။
သူဘယ်လောက်တောင် မျှော်လင့်လိုက်ရတဲ့
နေ့လဲ...။
သူ့ရဲ့ ခြေလှမ်းတွေက ခါတိုင်းနှင့်မတူ
ပိုလို့တက်ကြွနေခဲ့ပါတယ်...။

ရှောင်းကျန့်တို့အိမ်ရဲ့ နှစ်အိမ်ကျော်ပြီးရင်
လမ်းကြား ကားလမ်းဆုံဖြစ်သည်။

Love From Two WorldsWhere stories live. Discover now