-3-

27 1 0
                                    

ခိစုပြန်သွားပြီးတော့ လုပ်စရာ မရှိတဲ့ ရှောင်းကျန့်က စန္ဒာယား ခလုတ်တွေကို ထိကြည့်ဖို့ကြိုးပမ်းနေတယ်။

*အာရုံစိုက်ထား !မင်းရဲ့စိတ်အလုံးစုံကို စုစည်းထား*

"လုပ်နိုင်တယ် ငါလုပ်နိုင်တယ် "

ရှောင်းကျန့်က စိတ်ကိုစုစည်းလို့မျက်လုံးကိုမှိတ်တယ်။ အသက်ဝဝရှုလို့ ပြန်ထုတ်ရင်း မျက်လုံးပြန်ဖွင့်တယ်။
စန္ဒယားခလုတ်ခုံတွေကို စားမတတ်ဝါးမတတ်စိုက်ကြည့်လိုက်ပြီး သူ့ရဲ့လက်ချောင်းတွေကိုစန္ဒယားခလုတ်နဲ့ထိတွေ့စေလိုက်တယ်။

*ဒင်*

အသံခပ်ကျယ်ကျယ်တစ်ခု စန္ဒယားဆီမှထွက်လာပေါ်လာတယ်။ ငါ...ငါလုပ်‌နိုင်ပြီ။ ငါ တကယ် ထိတွေ့နိုင်ခဲ့ပြီ။

စန္ဒယား မတီးတတ်ပေမဲ့ စန္ဒယားခလုတ်ခုံ‌ပေါ်မှာ သူ့ရဲ့လက်ချောင်းတွေတင်လို့ ပြေးလွှားလှုပ်ရှားစေတယ် ။
သံစဉ်မကျတဲ့ သံစဉ်‌သံတွေ ပျဉ်အိမ်လေးထဲမှာ ပျံ့လွှင့်နေတယ်။ ရှောင်းကျန့် မျက်နှာထက်မှာလဲ အပြုံးတွေ ဖွဲ့သီတယ်။

*Meoww*

"ကျင်းကော် ကိုကိုစန္ဒယားတီးနိုင်ပြီ ဒီမှာကြည့်"

စန္ဒယားခလုတ်ခုံပေါ် ပြေးတက်လာတဲ့ ကျင်းကော်ကို ရှောင်းကျန့်က ကြွားလုံးထုတ်လို့ စန္ဒယားကို တီးခတ်ပြတယ်။ ခြေသံလိုအသံကြားလိုက်တဲ့အခါမှာ
စန္ဒယားပေါ်ကလက်တွေကိုရုတ်လိုက်တယ်။ ခိစုဆို သူ့ကို အသံပေးမှာ ။

စန္ဒယား ရှေ့ကခုံမှာ သူငြိမ်ငြိမ်လေးထိုင်နေလိုက်တယ်။ သူ့ကို ဘယ်သူမှမမြင်နိုင်တာပဲလေ ။
ခြေသံတွေကသူနဲ့ တဖြည်းဖြည်းနီးကပ်လာတယ်။
ဘေးနားမှာ ဝင်ထိုင်လာတဲ့ လူစိမ်းက maskအနက်ရယ် ဦးထုပ်ရယ်‌ဝတ်ဆင်ထားတယ်။

"ဝမ်ရိပေါ်!"

Mask နဲ့ ဦးထုပ်ကို ချွတ်လိုက်တဲ့ ထိုသူစိမ်းဆိုသည့်လူသားက သူ့ကလေးလေး ။ ဝမ်ရိပေါ်တဲ့လား.။
ဘယ်လိုဖြစ်လို့ သူက...။ဘာမှမတွေးနိုင်တော့ပေမဲ့ ဝမ်းသာလွန်းပြီး သေမင်းဘဝတွင် အသက်ရှုရပ်၍သေဆုံးခြင်းဆိုပြီး နာမည်ကြီးတော့မယ်ထင်တယ်။

Love From Two WorldsWhere stories live. Discover now