-4-

17 1 0
                                    

•6•နာရီတိတိမှာ ထမြည်တဲ့ Alarm သံကြောင့်
ဝမ်ရိပေါ်က ဆက်ခနဲထလို့ထိုင်သည်။
ပြီးတော့ ပြုံးသည်။
အင်း ..သူမလုပ်ဖူးတာအကုန်လုပ်ချင်စိတ်
ဖြစ်တဲ့နေ့တစ်နေ့။

အရင်နေ့များနေ့မတူညီစွာ ဝမ်ရိပေါ်တစ်ယောက် ဤနေ့ တက်ကြွလို့နေပါသည်။ သူ့ရဲ့နားနေခန်းထဲမှာ
အရင်ဆုံး သူ လုံးဝမထိတွေ့ဖူးတဲ့ ခေါက်ဆွဲ ချောကလက် စသည့် စသည့် အစားအစာများကို
ဖန်စစ်အားဝယ်ခိုင်းပြီးစားသည်။

ဖန်စစ်က သူ့ဘေးနားမှာငုတ်တုတ်ကလေးထိုင်ကာ အံ့ဩတကြီး ကြည့်လို့နေ၏။ပူပူလောင်လောင် ခေါက်ဆွဲအလုတ်ကြီးကြီးတစ်လုတ်ကို အမျှင်မဖြတ်ပဲပါးစပ်ထဲအရင်ထည့်လိုက်တယ် ။

"အား ဒီအရသာပဲ "

ခေါက်ဆွဲဗူးကိုဘေးချလို့ သူ့ကိုကြည့်နေတဲ့ဖန်စစ်ဘက်ကိုလှည့်ထိုင်လိုက်တယ် ။

"အမြဲတမ်း ကျေးဇူးတင်နေခဲ့ပါတယ်"

မူမမှန်တဲ့ ရိပေါ်ကြောင့် ဖန်စစ်မှာ မျက်ရည်ကလေးတောင်ဝိုင်းချင်နေပြီ။ ရိပေါ်က ဖန်စစ်ပခုံးကို ပုတ်လို့ ထပ်ပြောတယ် ။

"လိုင်းပေါ်မှာပျံ့နေတဲ့ Haterတွေကို တရားစွဲခိုင်းထားတာ မလုပ်နဲ့တော့ ။ "

ဖန်စစ်က ခေါင်းကို ပြုတ်ထွက်မတက်ခါယမ်းတယ်။

"ရိပေါ် ဘာတွေပြောနေတာလဲ ။ သေတော့မဲ့လူလိုမျိုး နှုတ်ဆက်စကားဆိုနေသလိုမျိုးတွေမပြောစမ်းနဲ့"

ဖန်စစ်က အနည်းငယ်အော်ပြောရင်း ထထွက်သွားသည်။ ဝမ်ရိပေါ်က ခေါင်းကို ခါလို့ယမ်းကာ ပြုံးသည်။

ဖန်စစ်ထွက်သွားတာကို လိုက်ကြည့်နေတဲ့ သေမင်းလေးတစ်ယောက်ကတော့ မျက်ရည်တွေဝေ့သီလို့နေခဲ့သည်။ ဒီနေ့သူ့ကလေးလေးက အရမ်းကို ထူးဆန်းလွန်းတယ်။

~ တီ ~ တုန်မြည်လာတဲ့ ဖုန်းကိုဖွင့်ကြည့်မိတော့ မန်နေဂျာ ရှင်း ဆီကဖြစ်သည်။

/ အခုဌာနကို  လာခဲ့ /

ရှောင်းကျန့်က ငိုမဲ့မဲ့ဖြင့်ဖုန်းကိုပိတ်ပြီး သူ့ကလေးလေးကို တစ်ချက်ကြည့်လို့ပျောက်ကွယ်သွားတယ် ။

Love From Two WorldsWhere stories live. Discover now