-1-

57 6 0
                                    

>> 7နှစ်ကြာပြီးနောက် >>

// 2017 //

တိတ်ဆိတ်နေတဲ့ ရပ်ကွက်လေးရဲ့ သရုပ်မှန်က
လူမနေတဲ့ အိမ်ဟောင်းတွေ ၊ ဂိုဒေါင်တွေကြည့်ပြည့်နေခြင်းဖြစ်သည်။ စက်ပစ္စည်း အစုတ်အပြတ်တွေ ထားတဲ့ ဂိုဒေါင်သဖွယ် ပျဉ်အိမ်လေးဆီမှ ရန်ဖြစ်သကဲ့သို့ အသံခပ်ကျယ်ကျယ် ထွက်လာ၏။

* မင်းကသေပြီးသား *

*ဟင့်အင်း မဟုတ်ဘူး *

*ပစ္စည်းတွေကို လျှောက်ကိုင်နေလဲ
မင်းထိတွေ့လို့ရမှာမဟုတ်ဘူး*

*No!*

*မင်းတစ်ခုခုကို ထိတွေ့ချင်ရင် အာရုံစိုက်ထားမှ
ရမယ်။ မင်းရဲ့စိတ်အလုံးစုံကို မင်းထိတွေ့ချင်တဲ့အရာပေါ်မှာ အာရုံစိုက် *

* ငါမလုပ်နိုင်ဘူး ဖြစ်နေတယ် *

*မင်းလုပ်နိုင်ပါတယ်*

ရှောင်းကျန့် ထိုဇာတ်ကားကို စကြည့်မိတဲ့နေ့ကစပြီးထပ်ခါတလဲလဲကြည့်နေခဲ့သည်မှာ အကြိမ်ပေါင်းမနည်းတော့ပေ။ ထိုဇာတ်ကားကို ကြည့်ရင်း သူလဲ လိုက်ကြိုးစားနေခဲ့သည်မှာအကြိမ်ပေါင်း မနည်းခဲ့တော့။

* ငါလုပ်နိုင်ပြီ !*

ဇာတ်ကားထဲက ဇာတ်လိုက်ဟာ ပစ္စည်းကို ထိနိုင်သွားခဲ့သော်လည်း ရှောင်းကျန့်က သူထိတွေ့ချင်နေတဲ့ စန္ဒယား  ခလုတ်ခုံတွေကို မထိတွေ့နိုင်သေးပါ။

ထိုအချိန် ထမြည်လာတဲ့ သူ့ရဲ့နာရီက သူ့ရဲ့အလုပ်ချိန်‌ ရောက်ပြီဖြစ်ကြောင်း သတိပေးတယ်။ ရှောင်းကျန့် က စိတ်ပျက်စွာနဲ့ဘဲ စန္ဒယားရှေ့ကခုံကနေ ပျင်းတိပျင်းရွဲထလို့ Hoodie အနက်ကို ဝတ်ဆင်လိုက်တယ်။ သူတို့အတွက် မရှိမဖြစ်လိုအပ်တဲ့ နာရီကိုလဲ ဝတ်ဆင်တယ်။

ပြီးတော့သူ အရင်ဘဝကနေသယ်ဆောင်လာနိုင်ခဲ့တဲ့နားကြပ်ဖြူလေးကိုလဲ မပါမဖြစ်
လည်ပင်းမှာချိတ်လိုက်တယ်။

စက်အစုတ်တွေထားတဲ့ဂို‌ဒေါင်ဖြစ်‌နေပေမဲ့ သူ့အတွက်ကတော့အိမ်ပေါ့။အိမ်အပြင် ထွက်ခံနီး ထောင်ထားတဲ့ ကိုယ်လုံးပေါ်မှန်အစုတ်ကို တစ်ချက်ကြည့်လိုက်တယ်။ မှန်မျက်နှာပြင်မှာ သူ့ပုံရိပ်ပေါ်မလာဘဲ ဗြောင်ရှင်းကြီးဖြစ်နေခဲ့ပေမဲ့ ဆံပင်ကိုတစ်ချက်သတ်လို့ ထွက်လာခဲ့တယ်။

Love From Two WorldsWhere stories live. Discover now