-2-

36 4 3
                                    

_ဝမ်ရိပေါ် မင်းကိုအမြဲ အားပေးနေမယ် _

ဝမ်ရိပေါ်စန္ဒယားတီးလေ့ကျင့်နေတဲ့ အခန်းက မှန်တံခါးဖြစ်တာကြောင့် အပြင်ဘက်က Fan girlတွေကအတိုင်းသားမြင်ရသည်။ ခေါင်းပေါ်မှာ ဝမ်ရိပေါ် နာမည်ပါတဲ့ဘီးစကုတ်တွေ စာတန်းဗီနိုင်းတွေ ကို ကိုင်ထားကြရင်း အော်ဟစ်ကာ ကြည့်နေကြ၏။

ရှောင်းကျန့်ရဲ့ စက်ဘီးကလေးက ထိုအရှေ့မှာ ထိုးရပ်တယ် ။ စက်ဘီးဒေါက်ကို ထောက်လိုက်ပြီးတာနဲ့ Fan girlတွေနဲ့ အနည်းငယ် လှမ်းတဲ့နေရာမှာ မတ်တပ်ရပ်ကြည့်တယ် ။

"အား ဝမ်ရိပေါ်က အသံတင်ကောင်းတာမဟုတ်ဘဲ
မျက်နှာက တကယ်ကို ချောလွန်းတယ် "

"နင်က ရောက်တောင်နေပြီဘဲ"

"အာ ခိစု နောက်ကြနေတာလား"

ရှောင်းကျန့်က သူ့ဘေးနားလာရပ်တဲ့ သရဲမလေးကို မျက်လုံးတွေမှိတ်တဲ့ အထိရယ်ပြတယ်။
ကျင်းကော်ပြီးရင် ခိစု ဆိုတဲ့ ဂျပန်နာမည်နဲ့ ဒီဝိဉာဉ်မလေးက ရှောင်းကျန့်ရဲ့ သူငယ်ချင်းနောက်တစ်ယောက်ပေါ့ ။

ခိစုက လဲ ဝမ်ရိပေါ် Fanဖြစ်တာကြောင့် သူတို့နှစ်ယောက်က ခင်မင်မိကြခြင်းဖြစ်သည်။ ဝိဉာဉ်ဆိုတာ မကျွတ်လွတ်တဲ့ ပြိတ္တာတစ်မျိုးဘဲ ။ တစ်ခုခုကိုစွဲလန်း၍ ဖြစ်စေ၊ လုပ်ဆောင်ရမယ့် အရာတစ်ခုရှိနေသေးတာကြောင့် မကျွတ်လွှတ်နိုင်တဲ့ ဝိဉာဉ်။

ဒီကောင်မလေးကတော့ ဘာကြောင့် မကျွတ်လွတ်သေးလဲ။ကာကယံရှင်ဖြစ်တဲ့ ခိစုကိုယ်တိုင်တောင်မသိတဲ့ကိစ္စကို ရှောင်းကျန့်လဲအကျယ်တဝင့် မတွေးဖြစ်တော့ပါ ။

ခိစုက လက်ထဲမှာ ကိုင်လာတဲ့ Light stickလေးကိုလှုပ်ရမ်းလို့ ဝမ်ရိပေါ်ကိုကြည့်တယ်။

" ဝမ်ရိပေါ် က တကယ်သေရတော့မှာလား ။
   အများကြီး စိတ်မကောင်းဖြစ်ရတော့မှာဘဲ"

"အခေါ်ခံရတယ်ဘဲထားအုန်း
အကြောင်းရင်းမရှိဘဲဘာဖြစ်လို့ သေရမှာလဲ "

ခိစုရဲ့စကားကို ရှောင်းကျန့်က ပက်ကနဲပြန်ပြောသည်။ စီနီယာတွေ တင်မဟုတ်ဘဲ ခိစုတို့လို ဝိဉာဉ်တွေပါ ဒီအကြောင်းကိုသိနေကြတာပဲ။ တကယ်ဘဲ
ဒီ လောက,က လူ့လောကထက်တောင်
ပိုရှုပ်ထွေးလွန်းတယ်။

Love From Two WorldsWhere stories live. Discover now