part1

354 18 0
                                    

ခပ်ကျဉ်းကျဉ်းအခန်းလေးထဲမှာရှောင်ကျန့်တစ်ယောက် ပြတင်းပေါက်အပြင်မှမိုးရေစက်များကိုကြည့်နေမိတယ် မိုးရာသီမို့လို့ မိုးရွာတာမထူးဆန်းပေမယ့် ဒီနေ့မှ မိုးဟာအတော်လေရွှာနေတာဖြစ်တယ် ပြတင်းပေါက်မှမိုးရေစက်တွေဟာအခန်းတွင်း လာစင်နေတာစိုရွှဲနေပီ ရှောင်ကျန့် တံခါးထမပိတ်မိ

ပိတ်ဖို့မေ့နေသည်ဆိုပိုမှန်လိမ့်မည် ရှောင်ကျန့်ရင်ခွင်ထဲမှ ကလေးငယ်ကတစ်ချက်ထတွန့်ပီးမိုးသံနဲ့အပြိုင်ငိုမှသာ ရှောင်ကျန့်သတိဝင်တယ်

"အေးးသားလေးရေ အိပ်အိပ် ကလေးကလန့်နိုးသွားတယ်လားကွာ ပါးပါးတောင်းပန်တယ်နော်"

ရှောင်ကျန့်ကလေးကိုကုတင်ပေါ်ခနချပီး
ပွင့်ရက်သားတံခါးကို သွားပိတ်ရတယ် ခုနကငိုနေတဲ့ကလေးကတော့ မျက်လုံးအဝိုင်းသားမျက်ဝန်းရွဲဲကြီးတွေနဲ့ ရှောင်ကျန့်လုပ်သမျှကို လိုက်ကြည့်နေတယ်

"သားလေးကလိမ်မာလိုက်တာကွာ
လာလာ ချိုချိုစို့ပီးပြန်အိပ်မယ်နော်"

"ပီးရင်သားလေးဒယ်ဒီပြန်လာတော့မှာနော်"
"အိပ်ပီးစောင့်ကြတာပေါ့"

ရှောင်ကျန့်စော်အော်လေးကိုနို့တိုက်ပီးပြန်သိပ်လိုက်ရတယ် သူကတော့အိမ်ပြန်လာမှာမသေချာတဲ့ခင်ပွန်းဖြစ်သူကိုစောင့်ရင်းပေါ့
စော်အော်ကအရမ်းငယ်လွန်းသေးတယ်အခုမှ4လသားပဲရှိသေးတာသူပြောတဲ့စကားတွေကို
နားလည်မလည်သူလဲမသိဘူးဒါပေမဲ့
ရှောင်ကျန့်ပြောတဲ့စကားတိုင်းကိုတော့
မျက်လုံးအဝိုင်းသားနဲ့ ကလေးသေးသေးလေးက
နားလည်ဟန်ပြုတယ်

ရှောင်ကျန့်ကသူနဲ့မျိုးတူယောကျာ်းတစ်ယောက်ကိုယူထားတာပီးတော့ သူရဲ့ထူးဆန်းတဲ့ခန္ဓာကိုယ်ဖွဲ့စည်းပုံကြောင့် ကလေးတစ်ယောက်ပါမွေးထားသေးတာ ရှောင်ကျန့်က ချမ်းသားတဲ့အသိုင်းအဝိုင်းကပါပဲ သူ့ခင်ပွန်းဖြစ်သူဝမ်ရိပေါ်ကရောပေါ့ နှစ်ယောက်စလုံးကချမ်းသာတဲ့မိသားစုက ပေမယ့်
ရှောင်ကျန့်က လက်ရှိအခြေအနေမှာ နေသားကျအောင်အဆင်ပြေအောင်နေနိုင်နေတယ်
အဓိက ကသူ့ဘဝမှာ သူ့ယောကျာ်းဖြစ်သူရိပေါ်နဲ့သားလေးစော်အော်ရှိရင်ပြည့်စုံနေပီ
ဒါဆိုသူ့ယောကျာ်းဖြစ်သူဝမ်ရိပေါ်ကရော
ဘာလို့သူ့လိုမဟုတ်ရတာလဲ
ရိပေါ်အရင်လိုမဟုတ်တာကြာခဲ့ပီ ပြောရမယ်ဆို
စော်အော်လေး မမွေးခင် တစ်လလောက်အလိုထဲကပဲ ဘာတွေဖြစ်သွားမှန်းသူလဲနားမလည်ဘူး

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now