part6

161 11 3
                                    

ရှောင်ကျန့်နဲ့ရိပေါ်ကိစ္စကိုအိမ်ကသိပီးကတည်းက ရှောင်ကျန့်ကိုအိမ်ပြင်ထွက်ခွင့်နဲ့ကျောင်းသွားခွင့်ပိတ်လိုက်တာပဲ အဆိုးဆုံးကဖုန်းပါသိမ်းသွားတာပဲ
ပါးပါးတို့ကအရမ်းဇာတ်လမ်းဆန်တာပဲလို့ရှောင်ကျန့်ထင်တယ် ရှောင်ကျန့်ကိုအရာရာပိတ်ပင်လိုက်တာနဲ့ သူနဲ့ရိပေါ်နဲ့က ကွဲမယ်တဲ့လား
သူ့ကိုဆက်သွယ်လို့မရရင်ရိပေါ်က
နည်းလမ်းတစ်ခုခုတော့ရှာမှာပဲဆိုတာ ရှောင်ကျန့်ကတပ်အပ် သိနေတယ်

ထင်တဲ့အတိုင်းပါပဲရှောင်ကျန့်နဲ့ရိပေါ်
အဆက်အသွယ်ပြတ်ပီး သုံးရက်လောက်မှာ
ရိပေါ်ဘက်က သူ့အိမ်ကို ရောက်ချလာတာပါပဲ
ဘယ်သူ့မှမသိတဲ့ညအချိန်ကြီးပေါ့

ရိပေါ်နဲ့ဝေးနေတဲ့ နေ့ရက်တွေမှာရှောင်ကျန့်က
တစ်ရက်မှ စိတ်ချမ်းသာတယ်မရှိခဲ့ပါဘူး
ချစ်တဲ့သူနဲ့ဝေးနေရတာ ရှောင်ကျန့်ပျော်နိုင်ပါ့မလား အဲ့တော့ရှောင်ကျန့်ကစပြီးဆန္ဒပြတော့တာပါပဲ
အခန်းပြင်မထွက်ဘူး ထမင်းမစားဘူး
အိမ်ကလူတွေကိုစကားမပြောဘူး
မားမားနဲ့ကိုကိုက အခန်းတံခါးလာခေါက်ရင်လဲ
အရေးမလုပ်ဘူး ပါးပါးကတော့လက်လျော့ပုံမရ

ရှောင်ကျန့်ကလဲခေါင်းမာပါတယ် သူတို့ကိုလက်မခံမချင်းဆန္ဒပြမယ့်လူမျိုး
အဲ့တော့ရိပေါ်နဲ့ဝေးနေရတာသုံးရက်ပေမယ့်လဲ
ရှောင်ကျန့်ရဲ့ဆန္ဒပြမှုကြောင့် အရင်လူကောင်ပိန်ပိန်လေးက ယဲ့ယဲ့လေးသာရှိကာညဘက်တွေပါမအိပ်တာကြောင့် မျက်ဝန်းလှလှလေးတွေပါ ညိုနေတာပါပဲ

သုံးရက်မြောက်ညမှာတော့ ရှောင်ကျန့်စဥ်းစားခန်းဝင်နေတုန်း ပြတင်းပေါက်မှန်ကိုခေါက်သံကြားတာကြောင့် ရှောင်ကျန့်လန့်သွားတာအမှန်တကယ် မာနကြီးတဲ့ရှောင်းသခင်လေးက
လူတွေနဲ့ မပတ်သတ်ချင်သလို နာနာဘာဝတွေနဲ့လဲ ပိုလို့တောင်အဆက်အဆံမလုပ်ချင်ပါဘူး
ပြတင်းပေါက်ခေါက်သံက အဆက်မပြတ်
ကြားနေရတာမို့ အရဲစွန့်ပီး ဖွင့်ကြည့်လိုက်တော့

လွမ်းနေခဲ့ရတဲ့မျက်နှာလေးနဲ့ခိုနားချင်ခဲ့တဲ့ရင်ခွင်ကျယ် သူဘယ်လောက်တောင်လွမ်းခဲ့ရပါသလဲ သူသာအသိ

ရိပေါ်ကလဲတံခါးဖွင့်တာနဲ့ အခန်းထဲဝင်လာပီး
ချောင်ကျသွားတဲ့ ချစ်ရသူရဲ့မျက်နှာလေးကို
အသာပင့်က ကြည့်နေမိတယ်

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now