part2

224 16 2
                                    

တစ်ဖြောက်ဖြောက်အသံကြောင့်ရှောင်ကျန့်မျက်လုံးတို့ပွင့်လာခဲ့တယ်
ဘေးကိုငဲ့ကြည့်မိတော့ စော်အော်လေးနဲ့
ရိပေါ်ဟာနှစ်နှစ်ခြိုက်ခြိုက် အိပ်တုန်း

ရှောင်ကျန့်ပြုံးလိုက်မိသည်ထင်တယ်
ဒီသားဖနှစ်ယောက်အိပ်နေတာတောင်တစ်ပုံစံထဲ
လေးလသားပဲရှိသေးတဲ့ စော်အော်လေးကလဲ
အခုထဲကသူ့ဒယ်ဒီဖြစ်သူ ရိပေါ်နဲ့ ရုပ်ချင်းချွတ်စွပ်ဆိုသလို တူနေပီ အိပ်နေတာများစော်အော်ကပါးကြီးတွေကိုဖောင်းလို့ နှုတ်ခမ်းဖူးဖူးရဲရဲလေးကလဲ ဟနေသေးတာ
စော်အော်က တကယ့်ချစ်မွှေးလေး သူမွေးထားလို့သာ သူ့သားဆိုပီးယုံရတာ တကယ်ဆို စော်အော်မှာ ရှောင်ကျန့်နဲ့ တူတဲ့ရုပ်သွင်ပြင် တစ်ခုမှပါမလာ
ဒါလဲ ရှောင်ကျန့်တို့ကဂုဏ်တောင်ယူနေသေးတာ
မောင်နဲ့တူတဲ့သားလေးမွေးပေးနိုင်လို့ပေါ့

မောင့်ကိုကြည့်မိတော့ နွမ်းနယ်နေဟန် ရှောင်ကျန့်မောင်ပြောတဲ့ အလုပ်ရှုပ်နေတယ်ဆိုတာ
တစ်ခနတော့ ယုံကြည်စိတ်ဝင်မိတယ်
တကယ်များအလုပ်ရှုပ်နေသလားပေါ့

မဖြစ်နိုင်တာ အလုပ်ရှုပ်နေရင်တောင်အိမ်ကယောကျာ်းနဲ့ သားကိုတော့ သတိရရမှာပဲ
ဖုန်းလေးတစ်ခါတောင် မခေါ်တဲ့သူ က
သူတို့သားအဖကို သတိရပုံလဲမပေါ်
အိမ်ပြန်လာတော့လဲနွေးနွေးထွေးထွေးမရှိ
ရှောင်ကျန့်ကို ရှောင်ဖယ်နေသေးတာ

ရှောင်ကျန့်အိပ်နေတဲ့ဝမ်ရိပေါ်ကို အကြည့်စူးစူးနဲ့ကြည့်ပီးမျက်စောင်းနာနာလေးပိတ်ထိုးပစ်လိုက်တယ် ရိပေါ်ဒီလိုအချိုးချိုးနေတာ
တော်တော်များပီ အိပ်နေတဲ့သားဖနှစ်ယောက်ကိုထားခဲ့ပီးရေချိုးခန်းဝင်ရေချိုးသန့်စင်ပီး ရိပေါ်နဲ့သူ့အတွက် မနက်စာလေးပြင်ရမယ်
သားအတွက်ကတော့ သူ့နို့တစ်မျိုးထဲနဲ့တင်လုံလောက်တယ်

ရိပေါ်ဘေးက တခစ်ခစ်အသံကြောင့် နိုးလာခဲ့တယ် လက်စသတ်တော့ ဘေးကအကောင်ပေါက်လေးကြောင့် စော်အော်လေးကနိုးနေပီး
အိပ်နေတဲ့ သူ့ကို ကြည့်ကာတစ်ခစ်ခစ်ရီနေတာဖြစ်တယ် ရိပေါ်စိတ်ထဲကြည်လင်သွားရတယ်
ဒီပေါက်စလေးက သူ့ကိုအသဲယားအောင်လုပ်နေတာ ရီနေတာသွားတောင်မရှိဘူး
ရိပေါ်စော်အော်ရဲ့ ဗိုက်လေးကို တဘူးဘူးမှုတ်ပီး
စနေလိုက်တယ် ကိုယ်တော်လေးကလဲသဘောကျနေတာများ သွားမရှိတဲ့ပါးစပ်လေးက
စိမနေဘူး
ရိပေါ်စော်အော်လေးကိုပါခေါ်ပီးရေချိုးလိုက်တယ် ရိပေါ် သိလိုက်ရတာက စော်အော်ကရေအတော်ကြိုက်တယ်ဆိုတာ ရေတွေကိုဆော့နေတာများ လက်ဖဝါးသေးသေးလေးနှစ်ဖက်ကို တစ်ဘတ်ဘတ်ရိုက်လို့
တကယ့်အူယားစရာလေး သားငယ်နဲ့ရေချိုးပီးတော့ သူလဲပြင်စရာရှိတာပြင်လိုက်တယ်
အဝတ်အပိုသုံးထည်လောက်ပါ ယူပီးကလေးခေါ်ကာ အောက်ထပ်ကိုဆင်းလာလိုက်တယ်

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now