part7

169 10 8
                                    

ရိပေါ်နဲ့ရှောင်ကျန့်က လူခြေတိတ်တဲ့ရပ်ကွက်လေးမှာနေ​တယ်ပြောရမယ်ဆို လူချမ်းသာတွေနေတဲ့နေရာတော့မဟုတ် သာမာန်လူလတ်တန်းစားတွေ နေတဲ့နေရာမျိူးပေါ့
ရပ်ကွက်လေးကတိတ်ဆိတ်နေပြီး လမ်းတစ်လျှောက်သစ်ပင်တွေစိုက်ထားတာမို့ အုပ်အုပ်မှိုင်းမှိုင်းနဲ့ စိတ်ငြိမ်တဲ့လူတွေအတွက်တော့ တကယ့်နိဗ္ဗာန်ဘုံလေး ရှောင်ကျန့်တို့လို ကြင်စဦးမောင်နှံအတွက်လဲ တကယ်သင့်တော်တဲ့နေရာမျိုးလေးပေါ့

ရိပေါ်ခေါ်လို့သာရှောင်ကျန့်ကလိုက်လာရတာ
ချစ်သူရည်းစားဘဝတုန်းက ရိပေါ်ခေါ်ရာနောက်ကို ရှောင်ကျန့်လိုက်ဖူးပေမယ့်
ရိပေါ်ကဒီအိမ်လေးကိုတော့ တစ်ခါမှမခေါ်ဘူး
အိမ်လေးက နှစ်ထပ်အိမ်လေးကိုမှခြံဝန်းကျယ်ကျယ်လေး ခြံထဲမှာလဲသစ်ပင်တွေစိုက်ထားတာမို့ အုပ်အုပ်မှိုင်းမှိုင်းလေး အိမ်ကတော့အရမ်းမကျယ် သူတို့နှစ်ယောက်နေလို့ရရုံလောက်ပေါ့
ရိပေါ်ပြောပြတာတော့ ရိပေါ်မားမားအရင်က
စာရေးဆရာမမို့ စာရေးရင်လာနေတက်တယ်တဲ့လေ
သူတို့နှစ်ယောက်လုံးက အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ထွက်လာတာမို့
ဘာပစ္စည်းမှ ပါမလာ
အိမ်လေးကိုပြောင်းခါစကတော့ တော်တော်လေးဒုက္ခရောက်ခဲ့ရတယ် ယောကျာ်းလေးနှစ်ယောက်မို့
အိမ်ထဲမှာ ဘာတွေလိုအပ်တယ် ဘာတွေဖြည့်ထည့်ရမယ်ဆိုတာကို နှစ်ယောက်လုံးမသိကြ
ပိုက်ဆံကလဲရှောင်ကျန့်မှာတပြားမှပါမလာ
ရိပေါ်မှာတော့ ပါလာတယ်ထင်ပါရဲ့
လိုသမျှပစ္စည်းနဲ့ ရှောင်ကျန့်အတွက်လိုအပ်သမျှကို ရိပေါ်ကပဲဝယ်ပေးနေတာဆိုတော့လေ

ရိပေါ်ရော ရှောင်ကျန့်ရောက ကျောင်းခန နားထားရတယ် အခုလောက်ဆိုကျောင်းကလူတွေလဲသူတို့အကြောင်းသိရောပေါ့
သူတို့ကအခုမှ ပထမနှစ်ပဲရှိသေးတဲ့ကျောင်းသားတွေ မိဘအရိပ်မှာနေတုန်းကနဲ့တော့မတူ
နှစ်ယောက်လုံးရဲ့ဘဝကိုအစကပြန်စရမှာမို့ အချိန်တော့ယူရတာပေါ့

ရိပေါ်ကရှောင်ကျန့်ကိုအရမ်းချစ်ပါတယ် ရိပေါ်လိုလူတစ်ယောက်က အခက်အခဲတွေနဲ့ရင်ဆိုင်ကတာတောင် ရှောင်ကျန့်အပေါ်မှာငြိုငြင်မှုမရှိ
အဲ့လိုအပြုအမူတွေကြောင့်လဲ
ရှောင်ကျန့်က ရိပေါ်အပေါ်မှီခိုပီး အားကိုးလာတယ်
ရှောင်ကျန့်သူ့အပေါ်မှာ မှီခိုတက်အောင်ကိုလဲ
ရိပေါ်ကိုယ်တိုင်ပုံသွင်းခဲ့တာ
နှစ်ယောက်ထဲရှိတဲ့ဒီဘဝလေးမှာ ရှောင်ကျန့်ကိုသူ့အပေါ်မှာသာ အလုံးစုံမှီခိုစေချင်တယ်
သူကရှောင်ကျန့်ရဲ့အိမ်ထောင်ဦးစီး
ရှောင်ကျန့်ရဲ့တာဝန်တွေကို သူပဲယူမယ်

အခုဆိုသူတို့ဘဝလေးစတင်ခဲ့တာသုံးလနီးပါးရှိနေပီ
စရောက်ထဲကအေးချမ်းနေတဲ့အိမ်လေးက ဒီနေ့မှာတော့ အနည်းငယ် အခြေအနေတင်းမာပီးအေးစက်နေပုံပေါ်တယ်

"သည်းငယ် မောင့်စကားကိုနားထောင်ကွာ"

"သည်းငယ်ကအရေးကြီးတာ မောင်စီစဥ်တာကိုအသာတကြည်လက်ခံပေး"

"မောင်ရဲ့ဘယ်ဖြစ်မလဲ မင်းလဲယောကျာ်း
သည်းငယ်လဲ ယောကျာ်းတစ်ယောက်ပါ
အခုဟာက မဟုတ်သေးပါဘူး"

"မောင်ပြောတာနားမလည်ဘူးလားကွာနှစ်ယောက်စလုံးကျောင်းပြန်တက်ဖို့ဆိုတာလုံးဝမဖြစ်နိုင်ဘူး အဲ့တော့ သည်းငယ်သာ မောင့်စကားနားထောင်"

"ကျောင်းပြန်တက်ဟုတ်ပီလား"

"ဒါဆို မောင်ကရောဟင်"

"မောင်က အလုပ်လုပ်မှာပေါ့ကွ"

"မောင် သည်းငယ်ကြောင့်တာဝန်ယူရတာများပီ"

"မောင့်အချစ်ရယ် မဟုတ်တာကွာ
မောင်က မင်းရဲ့အိမ်ထောင်ဦးစီးလေ မင်းလေးရဲ့တာဝန်ယူရတာ မောင်ကပျော်နေတာ"

"သည်းငယ်လေးသာ ကျောင်းပြန်တက်နော်"

"မောင်က ဘာအလုပ်လုပ်မှာလဲဟင်"

"မောင့်မှာသူငယ်ချင်းနဲ့စပ်တူဖွင့်ထားတဲ့ လုပ်ငန်းလေး ရှိတယ်ကွာ မောင်အဲ့အလုပ်လေးကိုပဲ သေချာဂရုစိုက်ပီး လုပ်ရမှာပေါ့"

"မောင်"

"ဗျာ မောင့်ကလေးလေးရဲ့"

"ချစ်တယ်မောင်"

"ချစ်ရင်လာပါဗျာ"

"ဟာ မောင်နော်"

"မောင့်လို့"

----------------------------------------------------------
11.2.2023
       BJYXSZD
ဒီအပိုင်းလေးကအရမ်းတိုသွားပါတယ်နော် တန်းလန်းလေးထားခဲ့တယ် နောက်နေ့တော့ရှည်"လေး upပေးပါမယ့် နော် စိတ်မဆိုးကြပါနဲ့🤍

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now