part12

123 8 3
                                    

ရှောင်ကျန့်က မနက်နိုးတိုင်း ရိပေါ်နဲ့အတူ
အိပ်ယာထချင်တယ် ကိုယ်ဝန်လွယ်ထားရသူမို့
မာနကြီးတဲ့ ကောင်လေးကတစ်ခါတစ်‌လေ ဟိုတွေးဒီတွေးနဲ့ စိတ်အားငယ်‌တက်ပါသေးတယ်

မာနကြီးတာကမာနကြီးတာသက်သက်လေ လူပဲစိတ်အားငယ်တက်တယ် ယောကျာ်းဖြစ်သူ ဝမ်ရိပေါ်ကလဲ
အိမ်ပြန်မကပ် အမြဲတမ်းအလုပ်ရှုပ်ပြနေတာ
ရှောင်ကျန့်က အခုအ‌ခြေအနေကြီးကို လုံးဝမဘောမကျဘူး အလုပ်ရှုပ်နေတယ်ဆိုရင်တောင် သူ့နဲ့ဗိုက်ထဲက သားလေးကိုတော့ ရိပေါ် ပစ်မထားသင့်ဘူးလေ
အခုလဲ  ဘယ်အချိန်ထဲက အိပ်ယာထပီး အလုပ်သွားလဲ မသိ မောင် အချိုးတွေပြောင်းနေတာနော် မောင့်ပုံစံက လုံးဝ ကိုမဟုတ်သေးဘူး

"ဟွန့် "

"အလကား မောင် သူများသားကိုယူပီး အခုတော့ဗိုက်တစ်လုံးနဲ့ ပစ်ထားတယ် "

ရှောင်ကျန့်ကပွစိပွစိ ရေရွတ်ပီး ရေချိုးခန်းထဲဝင်
ကိုယ်လက်သန့်စင်တယ် ဘာလုပ်လုပ် အတွေးထဲ မောင်ကနေရာယူတယ် အရင်ကဆို မောင်ကိုယ်တိုင် သူ့ကို ချီပိုးပီး ရေချိုးခန်းထဲ ဂရုတစိုက်နဲ့ ပို့ပေးခဲ့တာ
အခုတော့ ရှောင်ကျန့်မှာ အတိတ်နဲ့ ပစ္စုပန် ယှဉ်တွေးပီး စိတ်ဆင်းရဲရပြန်ရော အရာရာအားကိုးတက်အောင်သင်ပေးပီးမှ အခုတော့ မောင်ဟာ တကယ်မကောင်းတဲ့သူ
မျက်နှာ သစ်ပီးသွားတဲ့ ကိုယ်ဝန်သယ်လေးက
မနက်စာအတွက် အိမ်အောက်ထပ်ကို ဆင်းရတယ်
သူ့အလိုဆို ဘာမှစားချင်စိတ် မဖြစ်ပေမယ့်
ဗိုက်ထဲက ကလေးအတွက်ကတော့ အာဟာရလိုအပ်တယ် သူစားမှ ကလေးလေးက အားရှိမှာ

ထမင်းစားခန်းထဲဝင်တော့ စားပွဲခုံလေးပေါ်တွေ့တာက အုပ်ဆောင်းလေး တစ်ခု ရှောင်ကျန့် ကဘာများလဲလို့
ဖွင့်ကြည့်မိတော့ အေးနေပီဖြစ်တဲ့ ကြက်သားလုံးခေါက်ဆွဲ  ရှောင်ကျန့် မျက်လုံးလေးအဝိုင်းသားနဲ့
အံ့ဩသွားရတယ် ဒါက သူ့အတွက် မောင်ကိုယ်တိုင်ပြင်ပေးခဲ့တဲ့ မနက်စာပေါ့

*မောင်ကငါ့ကိုချစ်နေသေးတယ် မောင့်စိတ်ထဲမှာငါကရှိနေသေးတယ် ပီးတော့ မောင်ကသားလေးကိုလဲ ချစ်တယ် *

အခုလိုပြန်တွေးမိတော့လဲ ရှောင်ကျန့်က
သူခုနက မောင့်အပေါ်ထင်ခဲ့တာတွေကို အားနာပီးငိုမိပြန်ရော မောင်ကတကယ်အလုပ်ရှုပ်‌နေတာကို
သူက အိမ်မှာနေပီး လိုက်တွေးမိနေတာ

မောင့်ကိုအားနာလွန်းလို့ ရှောင်ကျန့်က ‌သေးသေးလေးဖြစ်သွားချင်တဲ့ထိ မနက်စာကို မောင်ပြင်ပေးခဲ့တဲ့ ခေါက်စာကို အပူပြန်ပေးပီးစားလိုက်တယ်
အရမ်းစားလို့ဝင်တာပဲ မောင်ကိုယ်တိုင်ပြင်ပေးခဲ့တယ် ဆိုတဲ့အသိကြောင့်နေမယ် မနက်စာစားသောက်ပီး
ရှောင်ကျန့်က ချက်ပြုတ်တဲ့လုပ်ငန်းကိုစတယ်
မောင့်အတွက် အပိုလူဖြစ်မနေချင်ဘူး တက်နိုင်တဲ့ဘက်က ကူညီပေးချင်တယ်

တစ်ဖက်မှာအလုပ်လုပ်နေတဲ့ရိပေါ်ကလဲ သူ့အသည်းအသက်လေးဆီ စိတ်ကရောက်နေတယ်
သည်းငယ်လေး နေရထိုင်ရအဆင်ပြေရဲ့လားအစ
ဘာတွေလုပ်နေမလဲ ဆိုတာအဆုံး သူကအိမ်ထောင်ဦးစီးတစ်ယောက်မလို့ သည်းငယ်နဲ့ သားလေးကို
တင့်တောင့်တင့်တယ် ထားချင်တယ်
သားလေးမွေးခါနီးကျမှ လုပ်ငန်းက အလိမ်ခံလိုက်ရတယ် ဆုံးရှုံးမှုက ရိပေါ်တို့ သူငယ်ချင်းနှစ်ယောက်အတွက် မနည်းဘူး သူငယ်ချင်းဖြစ်သူ
ကျန်းယင်ကလဲ စိတ်မကောင်းသူ့ကြောင့်ဖြစ်တာပါဆိုပီး တဖွဖွ ပြောနေလို့ ရိပေါ်က ပြန်အားပေးနေရတယ်
သူကိုယ်တိုင်လဲ တကယ် အဆင်ပြေမနေဘူး
သူ့ကို ပါးပါး ကစောင့်ကြည့်နေတာ သိတယ်
ပါးပါး နဲ့သူ့ယောက္ခမတွေထင်သလို သူက ပျော့ညံ့တဲ့ လူတစ်ယောက်
သခင်လေးတစ်ယောက်ဘဝကို စွန့်လွှတ်ရလို့
ဘာမှမလုပ်တက် မကိုင်တက်တဲ့လူတစ်ယောက်မဟုတ်ဘူးဆိုတာ သူ့ကသာရှောင်ကျန့်ရဲ့
အိမ်ထောင်ဦးစီး ကောင်းဆိုတာ ကို သက်သေပြချင်တာအရမ်း Pressure များတယ် အခုလိုသူကြိုးစားနေတဲ့အချိန်မှာ လုပ်ငန်းက အရှုံးပေါ်တာမို့ ရိပေါ်က စိတ်ဓာတ်ကျနေတယ်ဆိုတာထက်အရမ်းခံပြင်းနေတာပီးတော့သူဝမ်းနည်းတယ် သူရှောင်ကျန့်နဲ့က‌လေးလေးကို ရွှေဘုံပေါ်က မင်းသားလေးတွေလိုထားချင်တာ

သူရဲ့ပြဿနာတွေနဲ့စိတ်ရှုပ်စရာတွေကိုလဲ သည်းငယ်ကို မသိစေချင်ဘူး လုပ်ငန်းက အစကနေ ပြန်စရတဲ့ပုံစံဖြစ်သွားတာမို့ အရမ်းကို ဖိအားပေးလုပ်နေရတာ
သည်းငယ်သိသွားရင်လဲ သူ့ကြောင့်ပါဆိုပီး
ငိုနေမှာ သည်းငယ်ကို သူစိတ်ဒဏ်ရာမဖြစ်စေချင်တာမို့ ရှောင်နေခဲ့တာပါ သူ့ကလေးလေး ဘယ်လောက်တောင် ဝမ်းနည်းနေလိုက်မလဲ

___________________________________________
30 .8.2023
BJYXSZD 🤍

𝙈𝙞𝙨𝙜𝙪𝙞𝙙𝙚𝙙 𝙡𝙤𝙫𝙚( မောင့်ဆိုင်သူ )Where stories live. Discover now