Grape Wine 🍷

1.3K 107 12
                                    

နှစ်သစ်ကူးည တစ်ညဖြစ်သည်...။
ယူနီဖောင်း အပြာရောင်နွမ်းနွမ်းလေးဟာ ဘယ်တော့မှ မသတ်ဆိုင်ဘူး မလိုက်ဖက်ဘူးလို့ သတ်မှတ်ထားခဲ့သော နေရာတစ်ခုသို့ ပြေးလွှားနေခဲ့တယ်... ။ ဖိနပ်အပါးလေးကို စီးထားတဲ့ ခြေချောင်းတွေက ချမ်းအေးလွန်းလို့ ထုံတောင်နေတယ်...။ အင်း ပြေးရလွှားရတာ မောရင်တောင် ချွေးလုံး၀မထွက်တဲ့ minus ပြနေတဲ့ ကိုရီးယားဆောင်းမဟုတ်ပေလား ။ ယုံးဘို့ရဲ့ ကိုယ်ထည်လေးမှာ စိတ်ပူစရာကောင်းလောက်အောင် တံတောင်အပေါ်နားထိပဲရှိတဲ့ လက်တိုယူနီဖောင်းလေးနဲ့ ချည်သားဘောင်းဘီလေးပဲရှိတယ်...။

ဒီလိုမျိုး

သူဘယ်တော့မှ လိုက်မမှီခဲ့တဲ့ ဟျွန်ဂျင်းကို ဘယ်အချိန်ကတည်းက အမှီလိုက်ဖို့ ပြေးလွှားနေခဲ့တာလဲဆိုတာ သူကိုယ်တိုင်တောင် မသိခဲ့ပေမယ့် သိလိုက်ချိန်မှာတော့ ပြေးရလွှားရတာ အံသေနေတဲ့ ခြေထောက်တွေနဲ့ ဒီနာမည်ကို တစ်နေရာရာက ကြားခဲ့ရင်တောင် သတ်ဆိုင်သူလို သတိအနေထားဖြစ်နေခဲ့သူ ဖြစ်နေခဲ့ပြီ...။ ဟွမ်ဟျွန်ဂျင်းက ဒီလိုမျိုး သူ့ရဲ့ ဘ၀ထဲလာရှုပ်တဲ့ အရှုပ်ထုပ်သူငယ်ချင်းလေးပါပဲ...။

ဒီအရှုပ်အထုပ်လေးကို နွေးနွေးထွေးထွေး ပွေ့ပိုက်ထားခဲ့တာတော့ သူကိုယ်တိုင်သာ...

ယုံးဘို့ရဲ့ မျက်နှာကိုတွေ့တာနဲ့ ထိုင်မရ ထမရဖြစ်နေရာက အားကိုးတွေ့သလို မျက်လုံးတွေလက်ပြီး ၀င်ခွင့်ပေးလိုက်တဲ့ ဟိုတယ်က တာ၀န်ရှိသူတွေကြောင့် ဟျွန်ဂျင်းရှိတယ်ဆိုတဲ့ နေရာကို သူရောက်လာခဲ့ပါတယ် ။ ဟွမ်ဟျွန်ဂျင်းက သိပ်ကိုဆိုးတာပဲ

Five Stars Hotel ကြီးနဲ့ New Year Party ကျဥ်းပရာနေရာက အထက်တန်းဆန်တဲ့ အငွေ့အသက်တစ်ခု လွှမ်းခြုံနေသော်ငြား ယုံးဘို့လို Omega တစ်ယောက်အတွက် ေ၀့၀ဲနေတဲ့ လေထုထဲက လူပေါင်းစုံရဲ့ Pheromone အနံ့တွေက မျက်ရည်၀ဲရလောက်အောင် နေရခက်စေပါတယ်...။ Alpha တိုင်းရဲ့ အနံ့က ဟျွန်ဂျင်းအနံ့လို သက်တောင့်သက်သာ မဖြစ်စေတာ သိတော့သိနေခဲ့ပါရဲ့... ။ တဖိတ်ဖိတ်တောက်နေတဲ့ အ၀တ်အစားနဲ့ လူတွေကြားမှာ ယုံးဘို့မြတ်နိုးလွန်းလို့ လက်နဲ့သေချာလျော်ဖွတ်ထားရတဲ့ ယူနီဖောင်းလေးကတော့ အရောင်နွမ်းနွမ်းလေးဖြစ်နေခဲ့တယ်...

Friend Zone Recipe : Page No.2015Where stories live. Discover now