Honey 🍯

551 73 17
                                    

ညက အိပ်ရေးပျက်ခဲ့တာရော အမှားမခံတဲ့ အကြမ်းဆုံး အဖွဲ့ခေါင်းဆောင်နဲ့ House ဆင်းထားတာရောကြောင့် ယုံးဘို့က ရေထိထားတဲ့ Tissue စလေးလို နွမ်းဖက်နေသည် ။ ဟိုဟိုဒီဒီ လျှောက်တွေးနေရင်းက စာမေးတာမှားဖြေမိလို့ အတန်းဖော်တွေရော Patient ရှေ့မှာပါ အအော်ခံလိုက်ရတာကို ပြန်တွေးမိတော့ မျက်လုံးတွေမှိတ်ချရင်း လက်ထဲက ဂျူတီကုတ်လေးကို ဆုတ်ချေနေမိတော့တယ် ။ သဘောအကျရဆုံး အလုပ်တစ်ခုပေါ်မှာ ညံ့ချာပြရချင်းလောက် အားပျက် ၀မ်းနည်းစရာေကာင်းမှုမျိုး ရှိလိမ့်မယ် မထင်ပါ ။ ဥာဏ်က အရမ်းမကောင်းပေမယ့် တကုတ်ကုတ်လုပ်တတ်တဲ့ အကျိုးကျေးဇူးကြောင့် ဆေးကျောင်းတက်ခွင့်ရခဲ့ပေမယ့် Appa လို ဂုဏ်ယူစရာကောင်းတဲ့ ဆရာ၀န်ကြီးဖြစ်ဖို့ကတော့ သူ့အတွက် အလှမ်းဝေးလွန်းစွာ...

အဖွဲ့ခေါင်းဆောင်ရှိနေတဲ့ နားနေခန်းမှာ မနေ၀ံ့တဲ့ House Surgeon ဆင်း ဆရာဝန်ပေါက်စလေးတွေဟာ အခန်းနားမှာပဲ ဟိုဟိုဒီဒီ အဆင်ပြေသလိုသာ ထိုင်နေကြ၏။ ညနေစောင်းလာလေ ပိုအေးလာလေဖြစ်တဲ့ ရာသီဥတုက ဟျွန်ဂျင်း " နွေးနေတာပဲ " လို့ အမြဲပြောတတ်တဲ့ ယုံးဘို့လက်ဖျားတွေ အေးစက်နေဖို့ လုံလောက်ပါတယ် ။ ဒီနေ့အတွက်တော့ အပြင်ကရာသီဥတုရော ယုံးဘို့ရင်ဘတ်ထဲက ရာသီဥတုပါ ပြန်ကောင်းလာနိုင်ချေမရှိသလောက်။

Nurse အမတစ်ယောက်က " Doctor လေးအတွက် " ဆိုပြီး လာပို့ထားတဲ့ ယုံးဘို့ဘယ်တော့မှ မသောက်သော အမေရီကာနိုခွက်နွေးနွေးကို ကိုင်ရင်း စိတ်နဲ့ကိုယ်နဲ့ မကပ်ပေ ။ ချမ်းအေးမှုများ လျှော့သွားမလားဆိုပြီး တစ်ငုံသောက်လိုက်တော့ ခံတွင်းထဲ ပြန့်နှံ့သွားတဲ့ ခါးသက်သက်အရသာကြောင့် မျက်နှာကလဲ မဲ့ခနဲ မျက်ရည်ကလဲ ဝဲခနဲဖြစ်သွားခဲ့ရတယ် ။

ကံဆိုးလိုက်တဲ့ နေ့ပါပဲ...

ထိုသို့သော နေ့မျိုးမှာ သေးငယ်တဲ့ ပျော်ရွှင်မှုလေးတွေကို စုဆောင်းဖို့တွေးရင်း နားထဲကို air pods လေးထည့်လိုက်တယ် ။ Note ထဲ မှတ်စရာရှိတာလေးမှတ်ရင်း Earphones ကနေ နားစည်ထဲ စီး၀င်နေတဲ့ Celine Dion ရဲ့ To Love You More သီချင်းလေးက ချွန်ထက်လှသော စာသားတွေနဲ့ ဆန့်ကျင်ဘက်ဆန်စွာ ညိမ့်ညောင်းလှသည်

Friend Zone Recipe : Page No.2015Where stories live. Discover now