Bean Sprout 🌱

581 72 36
                                    

ရှေ့က ထမင်းကို အားရပါးရစားနေတဲ့ ပလုပ်ပလောင်း ပုံစံလေးဟာ ယုံးဘို့သာ တွေ့ခွင့်ရှိတဲ့ မျက်နှာလေးလို့ မဏ္ဍာပ်တိုင် တက်ပြချင်တဲ့ စိတ်ကလေးဟာ ဆိုရင်ဖြင့် ပဲလုံးလေးထဲက ထွက်လာတဲ့ အပင်ပုစိလေးလို ပြူထွက်လာတတ်တယ် ... ။ ဒီလိုအချိန်ဆို ယုံးဘို့က ကိုယ့်ထမင်းကိုယ်တောင် အာရုံမစိုက်နိုင်ပဲ သူဘာလိုချင်နေလဲဆိုတာပဲ ပြာပြာသလဲ ဖြစ်နေတာမျိုး...

ရေညှိဟင်းရည်ကို အရသာရှိရှိ ခပ်သောက်ရင်း သူမကြိုက်တဲ့ ကြက်သွန်မြိတ်နိုင်နိုင် အုပ်ထားတဲ့ အသားနှပ်ကို Appa က ချက်သွားခဲ့တာမို့ မုန်ညှင်းကင်မ်ချီရယ် ယုံးဘို့ ပူပူနွေးနွေးကြော်ပေးထားတဲ့ Homemade Sausage ရယ် ၊ အရံဟင်းေတွနဲ့တင် ထမင်းတစ်ပန်းကန် ကုန်အောင်စားတယ် ။

သူ့ပန်းကန်ထဲက ထမင်း ကုန်သွားတော့လဲ မွှေးကြိုင်ပြီး အငွေ့တထောင်းထောင်း ထနေတဲ့ အသားနှပ်ကို မျက်စောင်းလေး ထိုးလာတာမို့ အပြုအမူ သေးသေးလေးဆိုလျှင်တောင် သူ့အကြောင်း ရေလည်နေပါတဲ့ ယုံးဘို့က... သူမမြင်အောင် တစ်ချက်ပြုံးရင်း ထမင်းထပ်ထည့်ပေး၊ကြက်သွန်မြိတ်ကို သေချာရွေးထုတ်ထားတဲ့ အသားလေးတွေ ထည့်ပေးတော့ မျက်လုံးလေးတွေ ပျောက်တဲ့ထိ ပြုံးပြရင်း ကောင်းကောင်းစား​နေသေးတယ်

" ကင်မ်ချီက စပ်လား ? "

" နည်းနည်း စပ်တယ် "

" ဒါလေးစားကြည့်... "

အပြင်စာတွေဆို ဘယ်လောက်ကောင်းကောင်း တို့ကနန်း ဆိတ်ကနန်း စားတတ်သူက အိမ်မှာဆို ဒီလိုမျိုး ကလေးလေးလို အပတ်တကုတ် စားနေတတ်တာမို့ အခွင့်အရေးရရင်ရသလို အိမ်က ချက်သမျှ ဟင်းတွေကို ယုံးဘို့က ကျောင်းကို သယ်သွားတတ်တယ် ။ အိမ်မှာက ဘွားဘွားရယ် ၊ Appa ရယ် ၊ ယုံးဘို့ရယ်သာရှိတာမို့ စားရေးသောက်ရေးကို လူငယ်ဖြစ်တဲ့ သားအဖနှစ်ယောက်ကသာ ကြုံသလို ဝင်ချက်တဲ့ စနစ်ဖြစ်သည် ။ ဘယ်လိုပဲ အလုပ်များပါစေ အပြင်စာတွေနဲ့ လုံးဝမထိတွေ့စေချင်တဲ့ Appa က ယုံးဘို့ House ဆင်းရပြီး စာတွေပိနေတဲ့နောက်ပိုင်း သူပဲ မီးဖိုခန်းထဲ ဝင်တော့တာ ။ အဲ့ဒီ့နောက်ပိုင်းမှာတော့ ယုံးဘို့ရဲ့ အချိန်မှန်တဲ့ ထမင်းဘူးလေးဟာ ဟျွန်ဂျင်းဆီ ရောက်လာနိုင်တဲ့ အခွင့်အရေး နည်းသွားတော့တာပေါ့ ။

You've reached the end of published parts.

⏰ Last updated: Jul 12, 2023 ⏰

Add this story to your Library to get notified about new parts!

Friend Zone Recipe : Page No.2015Where stories live. Discover now