အပိုင်း ၁

76 5 0
                                    

နေရာတိုင်းတွင်မြူခိုးများဆိုင်းလျက် အမှောင်ထဲတွင်စမ်းတဝါးဝါးလမ်းလျှောက်နေရသည်။ ဒီအချိန်တွင် မိမိကိုယ်ကိုယ်ကို ဘယ်ရောက်နေလဲဟုပင်မတွေးနိုင်လောက်အောင် ဦးနှောက်ဗလာဖြစ်နေသည်။
ထိုစဥ် ချိုမြိန်စူးရှသောမိန်းမသံ တစ်ခုကိုကြားလိုက်ရသည်...

"သခင်လေး...''

အသံကြားရာသို့လှည့်ကြည့်သော်လည်း ဘာဆိုဘာမှမမြင်ရ...
ထိုအသံသည် အရပ်မျက်နှာအဖက်ဖက်မှလာနေသကဲ့သို့ ခံစားရသည်။ အလင်းရောင်တစ်စမှမရှိသော အမှောင်ထု မြူခိုးလွင်ပြင်ထဲတွင် ပျံ့လွင်နေသော အသံ၏ပိုင်ရှင်ကို ရှာဖွေရင်းမောပန်းလာသည်...

တစ်ခါတစ်ရံ အနီးအနားကပ်ပြီးခေါ်လိုက်သလိုလို...အသံမှာဝေးလိုက်နီးလိုက်ဖြစ်နေသည်...

"သခင်လေး...''

ပိန်းပိတ်အောင်မှောင်နေသောအမှောင်ထုထဲတွင် ရုတ်တရက် ဆလိုက် မီးထိုးလိုက်သကဲ့သို့ မီးရောင်တချို့ဖြာကျလာသည်...

ထိုမီးရောင်အောက်တွင် တစ်စုံတစ်ယောက်ရှိနေလေသည်။ သို့သော် မြူခိုးငွေ့များကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရပေ...

တဖြေးဖြေးနဲ့ မြူခိုးများကျဲပါးလာပြီး ထိုသူ၏ပုံရိပ်ပေါ်လာသည်...

နက်စွေးနေသောထိုင်ခုံတစ်ခုပေါ်တွင်  ထိုင်နေသော မဟူရာမိန်းမပျိုတစ်ဦး...
သူမ၏နဖူးထက်မှ အနက်ရောင်ကျောက်များစီခြယ်ထားသော သရဖူသည် လက်ခနဲဖြစ်သွားသလို...

...သူ့လက်ထဲမှာတစ်ခုခုရှိနေတာလား...

သူအမြင်မမှားပေ...ထိုမိန်းမပျို၏လက်ထဲတွင် ေတာက်ပနေသောမျက်ဝန်းတစ်စုံရှိနေပြီး ထိုအရာသည် အနက်ရောင်ကြောင်တစ်ကောင်ပင်...

အနက်ရောင်ဂါဝန်ရှည်သည် မိန်းမပျို၏ခြေဖျားအောက်တွင်ပုံကျနေပြီး ခြေထောက်နားတွင်ရှိနေသော အရာတစ်ခုကိုလဲ သတိပြုလိုက်မိသည်။

...မြွေကြီးလား...

ကြီးမားလှသောအနက်ရောင်မြွေကြီးသည် မိန်းမပျို၏ခြေရင်းတွင်ခွေနေသည်လော...
ထိုမြွေကြီးအား ကိုယ်ထည်သာရှိ၍ ဦးခေါင်းကိုမမြင်ရပေ...

လမင်းနဲ့ပင်လယ် Onde as histórias ganham vida. Descobre agora