အပိုင်း ၄

8 1 0
                                    

​ထို့နောက် ဆောက်တည်ရာမရစွာနှင့်  ယိင်းဆီသို့ဖုန်းခေါ်မိတော့သည်။ သို့သော်လည်း အချိန်ကြာသည်အထိ ဖုန်းကိုင်မလာခဲ့ပါ...

"ဟာ....ဘာတွေဖြစ်နေတာလဲကွာ...''

သူဆိုင်ကယ်ပေါ်တက်ခွလိုက်ပြီး အသားကုန်မောင်းထွက်လာခဲ့ရာ ဦးထုပ်ပင်မေးသိုင်းကြိုးမတပ်မိခဲ့...

နှလုံးသားမှဒေါသများလှိုင်းထန်လာလေလေ လီဗာကို အသားကုန်ဆွဲမိလေလေပင်...
ထို့နောက်...

"ဒုန်း....''

"ဟာ တိုက်မိကုန်ပြီဟေ့ လုပ်ကြပါအုံး တစ်ယောက်ယောက် ဆေးရုံကိုဖုန်းဆက်ကြပါအုံး''

မေးသိုင်းကြိုးမတပ်မိသဖြင့် ဆိုင်ကယ်ဦးထုပ်သည် အဝေးသို့လွင့်ထွက်သွားကာ ပလက်ဖောင်းနဲ့ခေါင်းနဲ့ရိုက်မိသွားပြီး ဘသာ တစ်ကိုယ်လုံး သွေးများဖြင့်ရွှဲနစ်နေတော့သည်။ မျက်လုံးများမှိတ်ကျမသွားခင် ထိုလုအုပ်ထဲ၌ နှဲကိုင်ထားသော လူကို ဝိုးတဝါးတွေ့လိုက်ရလေသည် ။ေအာ်ဟစ်ဆူညံနေသောပတ်ဝန်းကျင်အကြား သူ၏နောက်ဆုံးလက်ကျန်အသိမှာ ယိင်း ဟူသောအမည်လေးတစ်ခု...

အသိစိတ်က ကပ်တစ်ချက် မကပ်တစ်ချက်ဖြစ်နေသည်။ နားထဲတွင်ကြားနေရသော ဆရာဝန်များ သူနာပြုများ၏အသံကိုလဲ မခွဲခြားနိုင်တော့...ပါးစပ်မှလဲ ဖုန်းနံပါတ်တစ်ခုကို ဆက်တိုက်ရွတ်နေမိပြီး ဆက်သွယ်ပေးရန်တောင်းဆိုနေမိသည်။
သူ ဆိုင်ကယ်တိုက်ပြီးဆေးရုံရောက်တာသိရင့တော့ ယိင်းရောက်လာမှာပါ ဟုတ်တယ်မလား...

သို့သော် ထိုဖုန်းနံပါတ်ပိုင်ရှင်ကတော့ ဖုန်းမကိုင်ခဲ့ပါ...

"အခြေနေမကောင်းဘူး ခွဲစိတ်ရင်တောင် အသက်ရှင်နိုင်ချေက ဆယ်ရာခိုင်နှုန်းလောက်ပဲရှိတယ်''

"အနည်းဆုံးတော့ မျှော်လင့်ချက်လေးရှိသေးတာပဲ ဆရာရယ် သားလေးကိုကယ်ပေးပါနော်''

"ခွဲစိတ်မှုအောင်မြင်သွားခဲ့ရင်တောင် ကိုအောင်ဖြိုးဝေ က သာမန်လူလိုနေနိုင်မှာမဟုတ်ဘူး ဦးနှောက်ဆိုတာ လူ့ခန္ဓာကိုယ်ရဲ့ လျှို့ဝှက်ဆုံးအစိတ်အပိုင်းပဲ ​ပြင်းပြင်းထန်ထန်ထိခိုက်သွားတာမို့လို့ အသက်မသေရင်တောင် သူ့ဦးနှောက်က သာမန်လူတွေလိုအလုပ်လုပ်မှာမဟုတ်ဘူး''

လမင်းနဲ့ပင်လယ် Where stories live. Discover now