အပိုင်း ၂

11 1 0
                                    

"ယိင်း ရှမ်းပြည်ကိုပြောင်းရတော့မယ်''

"ဟင် ဘယ်လို''

ယိင်းသည် သူနာပြုဆရာမလေးတစ်ဦးဖြစ်ပြီး တာဝန်ကျရာနေရာများသို့ခဏခဏပြောင်းရသည်မှာ မထူးဆန်းသော်လည်း ဒီတစ်ခေါက်တော့ ရှမ်းပြည်ကိုတဲ့...

"ဟုတ်တယ် မောင် ယိင်း ရှမ်းပြည်ဘက်မှာတာဝန်ကျတယ်''

"အဝေးကြီးပါလား ယိင်းရယ်''

ရုတ်တရပ်ကြီးခွဲရတော့မယ်ဆိုတော့ ဝမ်းနည်းမှုများက လှိုက်တက်လာသည်။ သူဟာယောကျ်ားတစ်ယောက်ပင်ဖြစ်သော်ငြားလည်း ခံစားချက်ရှိတဲ့လူသားပေမို့...

"မောင် လာတွေ့မှာပေါ့ ယိင်းရဲ့''

ယိင်းသည် သူ့မျက်နှာကိုစိုက်ကြည့်ကာ ရုတ်တရက် သူ့ရင်ခွင်ထဲတိုးဝင်လိုက်သည်။ ထို့နောက် ငိုသံကလေးနှင့်...

"မောင်နဲ့မခွဲချင်ဘူး...''

ယိင်း၏ပခုံးလေးကိုအလိုက်သင့်ထွေးပွေ့ထားရင်း...

"မောင်လဲ မခွဲချင်ပါဘူးယိင်းရယ်''

"အဝေးရောက်သွားရင် မောင်ယိင်းကိုသစ္စာမဖောက်ရဘူးနော်''

ယိင်းသည် ခေါင်းမော့လာပြီး နှုတ်ခမ်းလေးဆူကာပြောလာသည်...မျက်ရည်ဥတွေတွဲခိုနေသော ချစ်သူ၏မျက်ဝန်းလေးကို ကြင်နာစွာနမ်းရှိုက်လိုက်ပြီး...

"မောင့်နှလုံးသားက ယိင်းအတွက်ပဲ ပြီးတော့ မောင့်ရဲ့ fb Password ကအစ ယိင်းကိုပေးပြီးသားပဲလေ...''

"မောင်ရယ်...''

ဧရာဝတီ မြစ်ရေပြင်မှ လေတဖြူးဖြူးသည် ချစ်သူနှဦး၏ပူလောင်နေမှုကို ပြေပျောက်သည်အထိ အေးမြမှုမပေးနိုင်ခဲ့ပါ...

ထို့နောက် နှစ်ဦးသားခွဲခွာကြရပြီး မျက်ရည်စက်လက်ဖြစ်ခဲ့ရသည်။ ချစ်သူတို့၏ထုံးစံအတိုင်း အနေဝေးသော်လည်း အဆက်သွယ်မပြတ်ရှိနေခဲ့ကြသည်။ ကြည်နူးခြင်းတွေဟာ ပျော်ရွှင်ခြင်း၏အဆုံးသတ်မှန်းသိခဲ့ပါလျှင်...

နောက်ပိုင်း ယိင်း၏ခြေလှမ်းများမူမမှန်တော့...
အလုပ်များသည်ဟူသောအကြောင်းပြချက်ဖြင့် စကားပြောချိန်ရှားပါးလာသည်။ လွမ်းလို့ဖုန်းဆက်သည့်အခါတိုင်းလဲ ဖုန်းမအားပေ...

လမင်းနဲ့ပင်လယ် Where stories live. Discover now