အပိုင်း ၃

5 1 0
                                    

.
ယိင်းနဲ့နီးမဲ့ရက်ကလေးနောက်ဆုတ်ရပေအုံးမည်...

နှစ်ရက်ကြာပြီးနောက် ဗေဒင်ဆရာအဘိုးကြီးဆီမှ ပရိတ်ကြိုးတစ်ကုံးရလာသည်။ သူ့တွင်လဲ မေမေ့ကျေးဇူးနှင့် အဆောင်ပေါင်းများစွာရှိထားပြီဖြစ်ရာ ယခုပရိတ်ကြိုးတစ်ကုံးထပ်တိုးလာတော့သည်။

ပရိတ်ကြိုးကိုယူပြီးနောက် ညကအိပ်မက်ကိုသတိရသွားဖြင့်...

"ဆရာကြီး ကျွန်တော်ထူးဆန်းတဲ့အိပ်မက်တစ်ခုမက်လို့ အဲ့ဒါ...''

"ရေမင်းသခင် ကံကြမ္မာနဲ့လူကလေး မင်းမှာ ဆန်းကြယ်မှုတွေ တယ်များသကိုး...သူပြောတဲ့အတိုင်း လုပ်ပေးလိုက်ပါ''

"ဗျာ...''

"ကဲ ဆရာ တရားထိုင်တော့မယ် လူကလေးပြန်ချိန်တန်ပြီ''

နှင်ထုတ်ခံလိုက်ရသဖြင့် အောင့်သက်သက်နှင့် ထွက်လာခဲ့ရသော်လည်း ဒီဗေဒင်ဆရာကို အတော်လေးစားမိသွားသည်...

ထို့နောက် ဘောင်းဘီအိပ်ကပ်ထဲမှ အရုပ်လေးကို ထုတ်ကြည့်ရင်း အိပ်မက်ကိုပြန်တွေးမိသွားသည်။

မြူတေ​ွဆိုင်းနေသော ပုဂံဘုရားများကြားတွင် ယောင်ထုံးနှင့်အမျိုးသားတစ်ဦး မတ်တပ်ရပ်ကာ သူ့ကိုကြည့်နေသည်။

"ခင်ဗျားကဘယ်သူလဲ''

"ငါလား မင်းဆီကိုရောက်နေတဲ့ နှဲသမားအရုပ်လေ''.

"ဟာဗျာ ေဟ့လူ ခင်ဗျားလာနောက်နေတာလား''

"ငါတို့ ညီအကို လေးယောက်က ဒီဘုရားမှာ စောင့်ကြတာ ငါ့ကိုဒီနေရာပြန်ပို့ပေးပါ လပြည့်ညမတိုင်ခင်ရောက်မှဖြစ်မယ်''

ထို့နောက် မြူများကျဲသွားပြီး...အိပ်မက်က နိုးလာတော့သည်။

...ပုဂံသွားဖြစ်ရင် သွားထားပေးမယ်ဗျာ အခုတော့ သွားလဲမသွားနိုင်သေးဘူး အားလဲမအားသေးဘူး ချစ်သူလေးဆီ ခရီးနှင်လိုက်အုံးမယ်...

အရုပ်ကိုအိတ်ထဲပြန်ထည့်ပြီး ဆိုင်ကယ်မောင်းထွက်လာလိုက်တော့သည်။ တိုက်ဆိုင်စွာပင် ထိုနေ့က လပြည့်ညဖြစ်သည်။

နောက်နေ့မနက်စောစောတွင် ရှမ်းပြည်ကို ဆိုင်ကယ်တစ်စီးနှင့် ခရီးနှင်တော့သည်။ အရင်ကလဲ တစ်ယောက်ထဲခရီးထွက်နေကျ မို့ မိဘတွေလဲ သိပ်တော့မစိုးရိမ်ကြပါ...

လမင်းနဲ့ပင်လယ် Where stories live. Discover now