အပိုင်း ၆

15 1 0
                                    

အပိုင်း ၆

"ယိင်း ဘယ်ကိုလဲ...''

ရေနွေးဓာတ်ဘူးကိုကိုင်ကာ အပြင်ထွက်ရန်ပြင်နေသော ယိင်းသည် ဘသာခေါ်သံကြောင့် နောက်လှည့်ကြည့်ပြီး ပြုံးကာ...

"ရေနွေးသွားဝယ်မလို့လေ မောင်ရဲ့ မေမေတို့လာတဲ့အခါ ရေနွေးသောက်ရအောင်လို့''

"မြန်မြန် ပြန်လာခဲ့နော်''

ဘသာ၏ မျှော်လင့်တကြီးကြည့်နေသော မျက်ဝန်းများကို ကြည့်ရင်း ယိင်းအတွေးလွန်သွားသည်...

...ဒီပုံစံအတိုင်းဆက်သွားရင် မောင့်ကိုမျှော်လင့်ချက်ပေးသလိုများ ဖြစ်နေမလား ဒါပေမဲ့မောင်ရယ် ယိင်းစိတ်မကောင်းပါဘူး...

ထို့နောက် အလှဆုံးပြုံးကာ ခေါင်းငြိမ့်ပြလိုက်သည်။

ထိုဖြစ်စဥ်ကို ​ထွန်းအောင် သည် ပန်းသီးကိုက်ရင်း ကြည့်နေသည်။ အခြေနေက ပုံမှန်မဟုတ်တာကို သတိထားမိသော်လည်း ဘယ်အရာကမှားယွင်းနေမှန်း မသိ...

"မင်းကလဲကွာ အပြင်ခဏလေးထွက်တာကိုပဲ တော်တော်ဖြစ်နေတော့တာပဲ''

"မင်းမသိပါဘူးကွာ...''

ထွန်းအောင်သည် ပခုံးတွန့်ပြလိုက်ပြီး စားလက်စပန်းသီးကိုဆက်စားနေလေသည်။

"ထွန်းအောင်...မင်းအမြင်မှာ ယိင်း ငါ့ကိုချစ်တယ်လို့ထင်လား''

သူ့အမေးကြောင့် ထွန်းအောင်မျက်ခုံးတွန့်သွားပြီး...

"မင်းမေးခွန်းက အဆန်းပါလား ဘာလဲ အဆင်မပြေကြဘူးလား''

"ဒီလိုလဲ မဟုတ်ပါဘူးကွာ သူများအမြင်ကိုသိချင်လို့ပါ''

ထွန်းအောင်သည် ပန်းသီးကို ကုန်အောင်စားပြီးနောက် စကားဆက်လိုက်သည်။

"ပြောရမယ်ဆိုရင် မျက်စိနဲ့မြင်တဲ့အတိုင်းပြောလို့မရဘူးကွ တစ်နည်းပြောရရင်ကွာ ယိင်းက သူနာပြုတစ်ယောက်...မင်းကိုပြုစုပေးတဲ့နေရာမှာ တာဝန်အရလား နှလုံးသားဆန္ဒလားဆိုတာ တော်ရုံဆိုဘယ်သိနိုင်မှာလဲ ဒီလိုပြောလို့ ယိင်းကမင်းကိုမချစ်ဘူးလို့ဆိုလိုတာမဟုတ်ဘူးနော်...အချစ်ဆိုတာ ဆန်းကြယ်တယ် ဘသာရ ခဏတဖြုတ်အမြင်နဲ့ မသိနိုင်ဘူး နှလုံးသားချင်းပဲ သိနိုင်တာ မင်းမေးခွန်းရဲ့အဖြေကို မင်းတကယ်သိချင်ရင် သူ့နှလုံးသားထဲကိုမင်းကိုယ်တိုင်ဝင်ကြည့်ရမှာ...''

လမင်းနဲ့ပင်လယ် Where stories live. Discover now