အပိုင်း (၁၀)

10.8K 380 29
                                    

Unicode

"မိုးမဟာ"

ခေါ်လိုက်ပေမယ့် သူက အပေါ်ကို မော့မကြည့်ပေ။ လူတစ်ယောက်လုံး ရှေ့ကို ရောက်လာတာတောင် မသိရလောက်အောင် စာအုပ်ထဲမှာ ဘာတွေပါနေလို့လဲ။ ဒါမှမဟုတ် သူ့စိတ်က အခြားတစ်နေရာကို ရောက်နေတာလား။

စာအုပ်ကို ဆွဲယူလိုက်တော့ လန့်သွားဟန်ဖြင့် အပေါ်ကို မော့ကြည့်လိုက်ပြီး လူကိုတွေ့တော့ အံ့ဩတဲ့ မျက်ဝန်းတွေနဲ့ကြည့်လာသည်။ တကယ်တော့ အံ့ဩတဲ့မျက်ဝန်းဆိုပေမယ့် စိုးရိမ်မှုတွေကလည်း ဖြစ်တည်လာတာကို သတိထားမိလိုက်ပါသည်။

"ဦး"

နားကြပ်ကြိုးကို ဆွဲဖြုတ်ကာ ဆိုလာတဲ့သူမ အသံဟာ တိုးနေပေမယ့် ဘေးမှာအိပ်ပျော်နေတဲ့ ကလေးမကတော့ နိုးလာသည်။

"ကိုဈာန်းမင်းခ"

"ထွက်သွား။ ငါတို့နှစ်ယောက်တည်း ‌ပြောစရာရှိတယ်"

"ရှင်..."

"သက်ထား ခဏလောက် အပြင်ထွက်ဦးနော်"

"အိုခေ အိုခေ။ တစ်ခုခုဆို ငါ့ကို ခေါ်နော် မိုး"

"အွန်း"

သူ့သူငယ်ချင်းထွက်သွားတာကို စောင့်နေရင်း ကိုယ့်ရဲ့ မျက်လုံးတွေကတော့ မိုးမဟာရဲ့ မျက်နှာပေါ်မှာပဲ ရှိနေလေသည်။ ခဏပဲ ကြည့်ကာ အကြည့်ချင်းလွှဲသွားတဲ့ မိုးမဟာက အခုထိ လူကို ပြန်လှည့်မကြည့်သေး။

"မင်းကို...."

"မိုးလည်း ပြောစရာရှိတယ်"

"ငါစကားပြောနေတာကို ဖျက်မပြောနဲ့ မိုးမဟာ"

"ဦးက ဘာပြောမလို့လဲ"

"မင်း ဒါ ဘာအချိုးတွေ ချိုးနေတာလဲ မိုးမဟာ"

"ဘာအချိုးတွေ ချိုးနေလို့လဲ"

ထိုင်ရာကနေ ထလာပြီး ကိုယ်ရှေ့ကို လာရပ်ကာ ပြောလိုက်သော စကားကြောင့် ရင်ထဲကို ဒိန်းခနဲ ဖြစ်သွားကာ ပိုပြီး ဒေါသထွက်လာလေသည်။ အရင်ကလို နူးညံ့တဲ့ မျက်ဝန်းတွေ သူ့မှာ မရှိတော့ဘူး။ ကိုယ်ပြောလိုက်တိုင်း ခေါင်းငုံ့သွားတတ်တဲ့ သူ့အကျင့်က ဘယ်ကို ရောက်သွားလေသလဲ။

Love that starts with divorceWhere stories live. Discover now