အပိုင်း ( ၃၁ )

8.4K 363 21
                                    

Unicode

ဘယ်အရာ၏ အကူအညီမျှ မပါဘဲ မနက်ခင်းကိုနိုးထလာရသည်။ သားငယ်ကတော့ စျာန်းရဲ့ ဘေးမှာ ပိုးလိုးပက်လက်နဲ့ စောင်လွတ်ကာ အိပ်နေလေသည်။

မနေ့က သားငယ်ရဲ့ အပြုအမူဟာ သူရော မိုးမဟာအတွက်ရော နေရခက်တဲ့ လေထုကို ဖန်တီးပေးခဲ့လေသည်။ ဒီနေ့က မိုးမဟာ လန်ဒန်ကို ပြန်မယ့်နေ့ဖြစ်သည်။
စျာန်းဘက်က မိုးနဲ့ ပြန်အဆင်ပြေချင်တဲ့ စိတ်နဲ့ ခံစားချက်တို့ ရှိနေပါသော်လည်း ဒီလိုတွေ ဖြစ်လာရသည့် အကြောင်းအရင်းရဲ့ တရားခံက ကိုယ်တိုင်ဖြစ်နေသည်ဖို့ မိုးကို ပြန်ဆွဲထားရန် မဝံ့ရဲပါ။ စျာန်းရဲ့ ဘဝကတော့ ရှေ့ဆက်ပြီး ဘာမှထူးခြားလာဖို့တော့ ရှိမနေပါ။ သူ့ဘဝကို ထပ်ပြီးဝင်လာမယ့် အမျိုးသမီးလည်း ရှိလာတော့မှာ မဟုတ်သလို သူကိုယ်တိုင်ကလည်း မှားခဲ့တဲ့ အရာတွေအတွက် မိုးမဟာကို ပေးဆပ်ချင်သေးတယ်။ဒါပေမယ့် တစ်ဖက်လူက မလိုချင်တော့တာမို့ သူ့ဘက်က တိတ်တိတ်ဆိတ်ဆိတ်နဲ့  နေရုံကလွဲပြီး ဘာမှမတတ်နိုင်ပေ။

"ဟင်း...."

သက်ပြင်းကိုသာ ချလိုက်ပြီး သားငယ်ကို စောင်ခြုံပေးလိုက်ကာ အိပ်ရာထလိုက်တော့သည်။

အချိန်တွေဟာ အရမ်းကို အကုန်မြန်လေသည်။ အဲ့ကတည်းက မိုးမဟာနဲ့ မဆုံဖြစ်တော့တာ သုံးနှစ်ဆိုတဲ့ အချိန်ကိုတောငိ ကျော်လွန်ခဲ့လေပြီ။စေရာသု လေးကလည်း ကျောင်းတက်တဲ့ အရွယ်လို့ရောက်နေလေပြီ။

"ဒယ်ဒီ...."

ငွေရောင် စာကြည့်မျက်မှန်ကို တပ်ဆင်ထားပြီး iPad ကိုသာကြည့်ကာ မနက်စာမစားသေးတဲ့ စျာန်းကို စေသုလေးက ခေါ်လိုက်သည်။

"အွန်း..."

စျာန်းရဲ့ တုန့်ပြန်သံကတော့ ထွက်လာပေမယ့် အကြည့်ကတော့ စေသုလေးဆီကို ရောက်မလာပါ။ဘာလို့လဲဆိုတော့ စေသုလေး ပြောမယ့်စကားကို စျာန်းသိနေလို့ပင် ဖြစ်သည်။ 

"ကျောင်းမတက်ချင်တော့ဘူး...ဟင့်..."

ကြက်ဥကြော်ရဲ့ အနှစ်ကို ခရင်းနဲ့ထိုးဆွရင်း ငိုတော့မယ့် မျက်နှာနှင့်ပြောလာလေသည်။

Love that starts with divorceWhere stories live. Discover now