အပိုင်း (၁၁)

10.8K 387 38
                                    

Unicode

"ဒါဆို ဦးလည်း ဦးရဲ့ အချိန်တွေကို မိုးဆီမှာ လာမဖြုန်းပဲ နွယ်သင်းဆိုတဲ့ မိန်းမဆီမှာ အကျိုးရှိရှိသွားသုံးလိုက်ပါ"

"ငါကလည်း မင်းဆီကို လာချင်လွန်းလို့ လာတယ် ထင်နေတာလား"

"အဲ့တာဆို ဘာလို့လာတာလဲ"

"ဖေဖေ ပြန်လာလို့ မင်းနဲ့ငါ အိမ်ခွဲနေတာကို သိရင်....."

"သိတော့ဘာဖြစ်လဲ။ ဦးက ကြောက်နေတာလား"

"ဘာကိစ္စကြောက်ရမှာလဲ။ ငါက မင်းအတွက်ပြောနေတာ"

"ဘယ်လိုပဲ ဖြစ်ဖြစ် မိုးကတော့ ဦးနဲ့ လုဲးဝပြန်မလိုက်ဘူး။ဖေဖေ သိမှာ စိုးရိမ်ရင် ဦး မိုးရဲ့အိမ်မှာလိုက်နေ"

"ဘာ...ဖြစ်နိုင်တာကို ပြောစမ်း မိုးမဟာ"

"ဖြစ်နိုင်နေတာပဲလေ"

"အေး ရတယ်"

ချက်ချင်းပင် ထွက်သွားသော ဦးရဲ့ ကျောပြင်ကို ပျောက်ကွယ်သွားသည်အထိ မိုးကြည့်နေလိုက်သည်။ မထူးလည်း ကွာရှင်းမှာပဲကို ‌ဖေဖေသိလည်း ဘာဖြစ်လဲ။ အစကတည်း သူ ပေးစားလို့ မိုးတို့ နှစ်ယောက်စလုံး မသာယာတဲ့ အိမ်ထောင်ရေးဖြစ်သွားရတယလေ။ တကယ်ဆို ဖေဖေကတောင် တာဝန်ယူပေးရဦးမယ်။

အတွေးကို ရပ်လိုက်ကာ ခေါင်းကို ခါလိုက်ရင်း ဘေးကိုကြည့်တော့ သက်ထားက စိုးရိမ်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေတာကို တွေ့ရလေသည်။ ဦးနဲ့ စကားများနေရင်း သက်ထားရှိတာကိုပင် မေ့လျော့သွားရသည့် အဖြစ်ပေ။

"သက်ထား အိပ်ရတာ အဆင်ပြေရဲ့လား။ မိုးလည်း အားနာပါတယ်။ မိုးကြောင့် အိပ်ရေးပျက်ရပြီ"

"မဟုတ်တာ မိုးရယ် ငါလည်း အိပ်ရေးဝနေပါပြီ။ ကိုဈာန်းမင်းခက အတော်စိတ်တိုသွားတဲ့ပုံပဲ။ ဒီကိစ္စက ဒီလောက်နဲ့တော့ မပြီးသေးဘူး ထင်တယ်"

"အွန်း"

သက်ထားရဲ့ စကားကြောင့် မိုး ရင်ထဲမှာ အပူလှိုင်းက ဝင်လာပြန်သည်။ ဦးဘာတွေ လုပ်ဦးမလဲ စိုးရိမ်သည်။ဦးလိုလူက မိုးကိုနည်းနည်းလေးတောင် အလျှော့ပေးမည် မဟုတ်ပေ။

ဒီလိုနဲ့ပဲ သုံးရက်လောက်တော့ မိုး အိမ်မှာပဲ အေးဆေး အနားယူနေလိုက်သည်။ အပြင်ကို ခဏတဖြုတ်သွားချင်ရင် အရင်က မိုး အလယ်တန်း နဲ့ အထက်တန်းတုန်းက စီးခဲ့သော စက်ဘီးလေးနဲ့ ရပ်ကွက်ထဲ ပတ်စီးပြီး မုန့်တွေ ၊ဘာတွေ သွားဝယ်သည်။ သက်ထားကလည်း သူ့ကျောင်းကိစ္စရော အလုပ်ကိစ္စရောကြောင့် မအားပေ။ ကိုလွန်းကတော့ ညနေတိုင်းလာတတ်ပြီး စာအုပ်အသစ်တွေအကြောင်း ပြောပြလေသည်။

Love that starts with divorceOnde histórias criam vida. Descubra agora