Ch-55

816 113 3
                                    

အခန်း ၅၅

ဟွမ်နိုင်ဖေး၏မျက်နှာပေါ်ရှိ အပြုံးသည် ဖျော့တော့သွားပြီး "ဟား ဟား၊ ချူချူ မင်းက တကယ်ကို ဟာသဥာဏ်ရှိတယ်။"

ချူချူက ဟွမ်နိုင်ဖေး၏ စိတ်ဓာတ်ကို အမှန်တကယ် နားလည်သည်။ သူမက ပါတီပွဲမှာ လူမှု ကွန်ရက်တစ်ကို တည်ဆောက်ချင်နေတာ။ သူမက ထူးချွန်ပြီး ကွဲပြားသော ဇာတ်ကောင်တစ်ဦးဖြစ်သည်။ ဒီအသိုင်းဝိုင်းထဲမှာ ဒီလိုလူတွေအများကြီးရှိတယ်။ သို့သော်လည် ချူချူက ယခုအခါ အမြန်ပြန်ဆုတ်ခွာချင်နေပြီး သူမနှင့် မပတ်သတ်ချင်ပေ။

ကျန်းကျန့်နင်က နန်ယန်ဒေါင်ကို ငြင်းဆိုခဲ့ပြီး ဟွမ်နိုင်ဖေးက ချူချူနှင့် စကားပြောရန် ထပ်မံကြိုးစားလိုက်ကာ ပတ်ဝန်းကျင်မှာ အနည်းငယ် ရှက်စရာ ကောင်းသွားစေခဲ့သည်။

မနီးမဝေးတွင် လူငယ်များသည် ဖဲရိုက်ရန် စားပွဲ၌ စုရုံးနေကြသည်။ လူလေးယောက်၏ စကားဝိုင်းကို လူအချို့ကြားလိုက်ရပြီး ဟွမ်နိုင်ဖေးကို ရိုးရိုးရှင်းရှင်း ဖေးမလိုက်ကြသည်။ "အစ်မ နိုင်ဖေး၊ တစ်ချို့လူတွေက မင်းရဲ့ ကြင်နာမှုကို လက်မခံရင် မင်းငါတို့နဲ့ လာကစားလေ၊ အဆင်ပြေလား "

ချူချူသည် အခြေအနေကို လှည့်ကြည့်လိုက်ရာ စကားပြောသူသည် အလွန်အသက်အကြီးသေးပေ။ အဝါရောင်ဆံပင်ကိုစည်းထားတဲ့ ကောင်လေးက အသက်မပြည့်သေးပဲ သူ့မျက်နှာက ပုန်ကန်ထကြွမှုတွေ ပြည့်နေတယ်။ ဆံပင်အဝါနဲ့ ကောင်လေးသည် ချူချူ၏ အကြည့်ကို သတိပြုမိပြီး မထေမဲ့မြင် ပြန်စိုက်ကြည့်နေသည်။ သူက မာနကြီးတဲ့ ဂျစ်တူးကလေးပါ။

ဟွမ်နိုင်ဖေးသည် ချူချူကို တစ်ချက်ကြည့်လိုက်ပြီး " ဥက္ကဌချူ၊ ဘာလို့ အတူတူ သွားမကစားကြည့်တာလဲ?"

အနီးနားရှိလူများက ဟွမ်နိုင်ဖေး၏ ညံ့ဖျင်းသောစကားကို ကြားလိုက်ကြပြီး "ရှစ်ထျန်း၊ မင်း ဝင်မပါနဲ့ ၊ ဒီကိစ္စက မင်းနဲ့ဘာမှမဆိုင်ပါဘူး..."

ဟွမ်နိုင်ဖေးသည် ဥက္ကဌချူကို ခယရန်ကြိုးပမ်းခဲ့ပြီး ချူချူက ငြီးငွေ့နေမှန်း လူတိုင်းမြင်သော်လည်း ဘယ်သူမှ ဝင်မပါချင်ကြပေ၊။ ချမ်းသာတဲ့သူတွေမှာ ဦးနှောက်ရှိပြီး လူတန်းစားတစ်ခုတည်းကို သုံး၊ ခြောက်၊ ကိုး စသဖြင့် ခွဲခြားထားပါတယ်။ အဲ့လိုလူတွေကို စိတ်မချမ်းသာအောင်လုပ်ပြီး ဘာကြောင့် အနှောက်အယှက်ဖြစ်စေမလဲ။

လွှမ်းမိုးတက်တဲ့ ရောင်ဝါစက်ဝန်းနဲ့ အမျိုးသမီးဥက္ကဌWhere stories live. Discover now