Ch-59

700 98 0
                                    

အခန်း ၅၉

မိုဘိုင်းဂိမ်း "Win the War" ၏ အီးမေးလ်က ကျန်းကျန့်နင်၏ ငြိမ်းချမ်းသောဘဝ အတွက်တော့ အတိတ်မှ စာတစ်စောင်နှင့်တူသည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏လူငယ်ဘဝက စိတ်အားထက်သန်ခဲ့ရသော ပန်းတိုင်ကို ထပ်မံရင်ဆိုင်ရမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သို့သော် ယခုအချိန်မှာတော့ အခြားသူတစ်ဦး၏ ဇာတ်လမ်းကို ကြည့်ရသကဲ့သို့ သူ့စိတ်နှလုံးသည် ငြိမ်သက်နေလေပြီ။

VIR က သူ့အတွက် အထူးအဆန်းဖြစ်နေခဲ့ပြီ။

ကျန်းကျန့်နင်က "Win the War"ကိုဖွင့်ပြီး ID ကုဒ်ကို ရိုက်ထည့်လိုက်သည်။ ဇာတ်ကောင်ဖန်တီးမှုစာမျက်နှာကိုရောက်တော့ သူခဏတာ ဘာလုပ်ရမှန်း မသိခဲ့ဘဲ နောက်ဆုံးတွင် တိတ်တဆိတ် ပြန်ထွက်ရန်သာ ရွေးချယ်ခဲ့သည်။ သူသည် ထိုဝေးကွာသောအိပ်မက်များကို တဖြည်းဖြည်း နှုတ်ဆက်ကာ ဘဝသစ်တစ်ခုကို စတင်ခဲ့ပြီးနေပါပြီ။ သူ့နှလုံးသားထဲမှာ နောင်တရစရာမရှိပေမယ့် ခံစားချက်ကတော့ များနေတုန်းပါပဲ။

သူမရဲ့ ပတ်ဝန်းကျင်မှာ သူရဲ့ ပန်းတိုင်အသစ်က ရှိနေခဲ့ပါပြီ။ ဘယ်အချိန်က စမှန်း မသိခဲ့ပေမယ့်ပေါ့။

ကျန်းကျန့်နင်သည် ကွန်ပျူတာမျက်နှာပြင်ပေါ်ရှိ "VIR" ကိုကြည့်ကာ ခဏလောက် စဉ်းစားပြီး ဂိမ်းကိုပိတ်လိုက်သည်။

အတိတ်ဆိုတာက အမှတ်တရတွေမို့ အမြတ်တနိုး မှတ်သားထားရုံကပဲ ပိုကောင်းပါတယ်။

တစ်ဖက်တွင်မူ ချူချူသည် "Win the War" အဖွဲ့သည် ပွဲအတွက် စိတ်ဝင်စားစရာအစီအစဥ်များစွာ ပြုလုပ်ထားကြောင်း သိသော်လည်း ဆုချီးမြှင့်မည်ဟုတော့ သူမ မျှော်လင့်ထားပေ။

ဥက္ကဌချူကို ပထမဆုံးသတ်နိုင်သူသည် ဆုငွေ ၉,၉၉၉ ယွမ် ရရှိမည်ဖြစ်ပြီး အမြင့်ဆုံးတိုက်ခိုက်သူက ၈၈၈၈ ယွမ် ၊ ဒဏ်ရာအများဆုံးရသူက ၇၇၇၇ ယွမ် ရရှိနိုင်ပြီး အမြင့်ဆုံး ကုသပေးသူမှာ ယွမ်ငွေ ၆၆၆၆ ရရှိမည် ဖြစ်ကြောင်း ပွဲစာမျက်နှာတွင် အံ့အားသင့်ဖွယ် ဖော်ပြခဲ့သည်။

ဂိမ်းလုပ်ဆောင်ချက်သည် ကစားသမားများကို ဆွဲဆောင်ရန် စတင်နေပြီဖြစ်သောကြောင့် တကယ့်ငွေနှင့် ငွေသားဆုများကို ကြေငြာလိုက်သောအခါတွင် မရေတွက်နိုင်သောသူများမှာ ဖရဲသီးစားသူများသည် ဂိမ်းကိုချက်ချင်းဒေါင်းလုဒ်လုပ်ကာ စစ်မြေပြင်သို့ ပြေးလာကြသည်။

လွှမ်းမိုးတက်တဲ့ ရောင်ဝါစက်ဝန်းနဲ့ အမျိုးသမီးဥက္ကဌWhere stories live. Discover now