Ch- 88

620 89 1
                                    

အခန်း ၈၈

လူတိုင်းသည် ဥက္ကဌချူ၏ အရှက်မရှိသော အတွေးအမြင်နှင့် အပြောအဆိုကို ဦးညွှတ်ကာ ရယ်မောကြသည်။ ဟူတချင်သည် ချူချူ၏ ရပ်တည်ချက်ကို နားမလည်နိုင်ဖြစ်နေပြီး " ‌ရှောင်ချူ၊ ဒါရိုက်တာချူက မင်း စင်ပေါ်မှာ ပြောတဲ့စကားတွေကိုကြားရင် ဒေါသထွက်မှာကို မင်း မကြောက်ဘူးလား "

ချူချူက ပခုံးတွန့်ပြီး အေးအေးဆေးဆေး ပြုံးပြကာ "ဒါရိုက်တာ ဟူ နဲ့ လူအိုကြီးချူ မှာ ဆိုးရွားတဲ့ဆက်ဆံရေးရှိတယ်ဆိုတဲ့ ကောလာဟလတွေကို ဒီနေ့ တရားဝင်ဖျက်ရတော့မယ် ထင်တယ်။ ကျွန်မ ရင်းဒါအကြောင်းပြောတာကို ဒါရိုက်တာနန်က စင်ပေါ်မှာ ငြိမ်ငြိမ်လေးထိုင်နေပေမယ့် ဒါရိုက်တာဟူက ချီရှန်း အတွက် မတရားမှုကို တိုက်ထုတ်ဖို့ ပထမဆုံး ခုန်ထွက်လာခဲ့တယ်။ ဒါဟာ လုံးဝ စစ်မှန်တဲ့ ချစ်ခြင်းမေတ္တာပါပဲ။ တုနှိုင်းမရတဲ့ အရာပါ။"

ပရိသတ်၏ ရယ်မောသံများ ထွက်ပေါ်လာခဲ့သည်။ ဒီတစ်ခါတော့ ဒါရိုက်တာ နန်တောင် ရယ်နေမိသည်။ စိတ်ကောင်းနှလုံးကောင်းရှိသော ဘုရားလောင်းလိုပုံစံနဲ့ လက်ကို ဝှေ့ယမ်းလျက် "ငါ မင်းတို့နဲ့ မယှဥ်နိုင်ဘူး... မယှဥ်နိုင်ဘူး"

ဟူတချင်သည် ချူချူ၏ အထေ့အငေါ့ကြောင့် လှည့်စားခံခဲ့ရပြီး ဘာမှ မပြောဘဲ အကြာကြီးနေခဲ့သည်။ သူမပါးစပ်က ချူရန်ရင်ထက် အဆမတန်ပို၍ အဓိပ္ပါယ်မဲ့သည်။ သူသည် ချူရန်ရင်နှင့် စကားအငြင်းပွားမှုတွင် အသာစီးရခဲ့ဖူးသော်လည်း ယခုတွင် အရှက်မရှိသော အငယ်တန်းတစ်ဦးနှင့်ရင်ဆိုင်နေရပြီး စကားပြောရန် နည်းလမ်းမရှိတော့သည့်အတွက် ဟူတချင် ဒေါသထွက်နေကာ ချူချူကို ဆက်လက်ရန်စလိုသော်လည်း သူမဆက်ပြောတဲ့စကားက သူ့အား လုံး၀ တားဆီးခဲ့နိုင်သည်။

"ဒါရိုက်တာဟူမှာ တခြားမေးခွန်းတွေ မရှိဘူးဆိုရင် ကျွန်မ ဆက်ပြောမှာပါ။ ဒါရိုက်တာဟူ အသက်ကြီးလာတာကို ကျွန်မနားလည်ပါတယ်၊ ဒါကြောင့် ဒါရိုက်တာဟူရဲ့မှတ်ဉာဏ်က နည်းနည်းလျော့နေတယ်။ မှတ်ဥာဏ်နည်းလို့ မေးခွန်းအားလုံးကို ပြီးမှ စုမေးဖို့ မမှတ်နိုင်ရင် မေးခွန်းတွေကို အချိန်မရွေး မေးနိုင်ပါတယ်..."

လွှမ်းမိုးတက်တဲ့ ရောင်ဝါစက်ဝန်းနဲ့ အမျိုးသမီးဥက္ကဌWhere stories live. Discover now