He simply wanted to hug him at this moment
(Unicode)
သိပ်မကြာခင် သူတို့နှစ်ယောက်လုံး အိမ်ထဲ ပြန်ဝင်ခဲ့ကြသည်။
လုယွင်ဖေး သူ့နာရီကို ကြည့်လိုက်သည့်အခါ ကိုးနာရီပင် ထိုးခံနီးနေပြီ။ သူ ပျမ်းကျင်းယွမ်ကို မေးလိုက်သည်။ “အိပ်တော့မလား”
ပျမ်းကျင်းယွမ်က စောနေသေးသည်ဟု ထင်သော်လည်း လုယွင်ဖေးက မေးလာသည့်အခါ သူ အလိုက်သင့်ပင် ပြန်ဖြေသည်။ “အိုကေ”
သူက လုယွင်ဖေးကို အတွင်းခန်းထဲသို့ ခေါ်သွားပေးသည်။ “ဒါက ဒေါ်လေးနဲ့ တိတိရဲ့ အိပ်ခန်း။ မင်း...”
“ဘယ်ဖြစ်မလဲ” လုယွင်ဖေးက ထိုစကားကို အမြန်ငြင်းပယ်လိုက်သည်။ “ငါက မင်း အဒေါ်အိပ်ရာမှာ ဘယ်လိုအိပ်ရမှာလဲ။ မသင့်တော်ဘူးလေ။ ငါ မင်းနဲ့ အတူတူပဲ အိပ်လိုက်မယ်”
ပျမ်းကျင်းယွမ်က လန့်သွားရသည်။ သူ အစက လုယွင်ဖေးကို သူ့အိပ်ရာတွင် အိပ်ခိုင်းပြီး သူက ဤနေရာတွင် အိပ်ရန် စီစဉ်ထားသော်လည်း လုယွင်ဖေးက အစီအစဉ် C ကို တင်သွင်းလာမည်မှန်း သူမထင်ခဲ့မိပေ။
ပျမ်းကျင်းယွမ် ဘာကြောင့်မှန်းမသိ သူအစက စိတ်ကူးထားသည့် အစီအစဉ်ကို ထုတ်မပြောမိတော့။ “ဒါဆိုရင် ငါနဲ့ အပြင်ကိုလိုက်ခဲ့”
သူတို့ထွက်လာခဲ့သည့် အခန်းဆီသို့ သူတို့ ပြန်သွားခဲ့ကြသည်။ ပျမ်းကျင်းယွမ်က လိုက်ကာကို ဆွဲလိုက်သည့်အခါ ၁.၂ မီတာမျှ အရှည်ရှိသည့် အိပ်ရာကို တွေ့ရသည်။ ‘ဒီနေရာက ပျမ်းကျင်းယွမ် အိပ်တာပဲ’ လုယွင်ဖေး တွေးလိုက်မိသည်။ သူ Tmall genie အဖြစ် ရှိစဉ်က ဤနေရာဘက်သို့ မမြင်ခဲ့ရချေ။
ပျမ်းကျင်းယွမ် သူ့အိပ်ရာကို သူသေချာကြည့်မိသည့်အခါမှ သူ့ခေါင်းက ကြည်လင်သွားရသည်။ ဤအိပ်ရာက သူတစ်ယောက်တည်းဆိုလျှင် အဆင်ပြေသော်လည်း လုယွင်ဖေးပါ အတူအိပ်မည်ဆိုလျှင် ကျဉ်းမြောင်းလွန်းသည်။ လုယွင်ဖေး ကောင်းကောင်းမအိပ်ပျော်နိုင်ဘဲ ဖြစ်လိမ့်မည်။
“သေးလွန်းတယ်” သူဆိုလိုက်မိသည်။ “မေ့လိုက်တော့”
လုယွင်ဖေးက သူ့ကို ပတ်ကာ အိပ်ရာပေါ်တွင် သွားထိုင်သည်။ “မမေ့ဘူး။ ငါ ဒီမှာ အိပ်ချင်တယ်”

YOU ARE READING
တီမောလ်ဂျင်းနီ (Completed)
Romanceမီယမ်မာထရန်စလေးရှင်း Type- Web novel Genre- fantasy, romance, school life, slice of life, supernatural, yaoi အော်သာ - လင်းအောင့်စစ် Chapters- 80 chapters+ 4 extras