တိမ်တွေလှခဲ့သည်

115 11 0
                                    


EP-6

စိန်တွေဟာ ဘယ်လောက်ပဲတောက်ပပါစေဦး
ကြယ်တွေဟာ ဘယ်လောက်ပဲ လင်းလက်ပါစေဦး
ရှောင်းတည်ကြည်ရဲ့မျက်ဝန်းတွေကို မမှီခဲ့တာမို့..

-----------------။

    "ဘာကြေးလောင်းမှာလဲ.."

    "ချကွာ.."

    "ဒါတွေအကုန် ငါ့အပိုင်ကွ ဟဟ.."

အသံပေါင်းစုံဆူညံနေသည့်နေရာသို့ ငါဝင်ရောက်ခဲ့သည်..
သည်ဆိုင်လေး၏ ဆိုင်းဘုတ်မှာတော့ မာကျောက်လောင်းကစားလို့ ထိုးထားပါ၏..

လောင်းကစားဝါသနာပါတာမျိုး မဟုတ်ပေမယ့် ဂိုဏ်းထဲမှာနေရတာက နည်းနည်းပျင်းတာကြောင့် ဈေးထဲသို့ ခိုးထွက်ခဲ့မိသည်..

အပြင်ထွက်တိုင်း တွေ့နေကျ သူစိမ်းကောင်လေးကို လိုက်ရှာပေမယ့်မတွေ့တာမို့ မာကျောက်ဆိုင်သာ ဝင်ခဲ့သည်
နီးစပ်ရာမို့လေ..

     "အယ့်..သခင်လေး..ကြွပါ ဘယ်ဝိုင်းယူမလဲ ဘာကြေးလောင်းမလဲ.."

အနည်းငယ်စဉ်းစားဟန်ပြုကာ ဝိုင်းသေးတစ်လုံးကိုသာရွေးခဲ့သည်..
လုံလောက်သည့် ပိုက်ဆံမပါသည်မို့..

စားပွဲရှေ့က ပိုက်ဆံအကြီးအသေးတွေကိုကြည့်ပြီး တွေဝေနေမိတာက အခါခါ..
သက်ပြင်းတွေချမိတာလည်း အထပ်ထပ်..

ရှန့်ကုန်းမှာတုန်းက မကြာခဏအပျင်းပြေ မာကျောက်ကစားဖူးတယ်ဆိုပေမယ့် လောင်းကစားကို သည်လောက်ကြီးဝါသနာပါသည်မဟုတ်..

     "ဟိုကောင်လေး မင်းဘာကြေးလောင်းမှာလဲ"

ရှေ့က ငါးဆယ်တန်းအမျိုးသားကမေးသည်..လောဘမျက်ဝန်းတွေနှင့်..

လောင်းကစားလုပ်ဖို့ ခုချိန်စိတ်မပါပေမယ့် အိတ်ထဲမှ ရှိသမျှပိုက်ဆံစေ့တွေကို ထုတ်ရေကြည့်မိသည်..
အပျင်းပြေဆော့ဖို့အတွက်လေ..

    "ကျုပ်မှာ သိပ်မပါဘူး..အလောတကြီးထွက်ခဲ့ရလို့.."

ဒါကိုဝိုင်းရှိလူတွေက 'ဟ'ခနဲအသံပြုကြသည်..
မကျေမနပ်ကြသည့် ပုံစံတွေနှင့်..

    "ဒါပေမယ့် ပါလာသမျှအကုန်လောင်းမယ်ဗျာ..ဟုတ်ပြီလား.."

    "ဟေး..ချ ချ.."

ဒေစီပန်းတစ်ပွင့်ဒဏ္ဍာရီWhere stories live. Discover now