မေတ္တာသက်ဝင်မိခြင်း

136 8 0
                                    


EP-8

ဝမ်းနည်းတော့ အရောက်လာ
ဝမ်းသာလည်း လာစမြဲ
သူလာလျှင် ပါးပြင်ထက်
စိုရွှဲလျက်ပဲ
အဲ့ဒါ မျက်ရည်ပဲ။      ။

------------,,

🎼"မီးပုံကိုမွှေးကြရင်း ငါတို့ စကားတွေပြောကြတယ်

အချိန်တွေက တိတ်တိတ်ကလေးဖြတ်ကျော်သွားတာ ပွင့်ဖက်လေးတွေ ကြွေကျသွားသလိုပါပဲ

ငါကတော့ ရှည်ကြာတဲ့လမ်းကို ခရီးနှင်လာခဲ့တယ်
မင်းကတော့ ရှည်ကြာတဲ့ အိပ်မက်ကိုမက်ခဲ့တယ်

စစ်မှန်တဲ့နှလုံးသားချင်း ဖလှယ်နိုင်ရင် ဆောင်းရာသီက ဖြတ်ကျော်သွားမှာပဲ

အထီးကျန်ညတွေက သစ်ရွက်ကြွေတွေလို လွင့်ပါသွားတယ်

ဒါပေမယ့် ရွက်သစ်တွေထပ်ဝေလာဖို့က နည်းလမ်း အမြဲရှိနေမှာပဲလေ

ကမ္ဘာကြီးပုံမှန်အတိုင်းလှည့်ပတ်နေသလို ငါတို့လည်း ဆုံတွေ့ကြရမှာပါ.."🎼

ဗျပ်စောင်းလေးကို မတောက်တခေါက်တီးရင်း စပ်ထားသော သီချင်းတို့ကို ချိုချိုကလေး ဆိုရင်း ပိတ်ထားသော တံခါးဝကို မျှော်ကြည့်နေမိသည်။
ငါ၏တိမ်ကလေး စိတ်ဆိုးနေသည်မို့..

ဒေစီတွေပေါက်ရောက်သော သိုင်းလေ့ကျင့်ရာကွင်းပြင်၌ မဆင်မခြင်လုပ်ဆောင်ခဲ့သော ငါ၏လုပ်ရပ်ကြောင့် လောကကြီး ဖရိုဖရဲဖြစ်ရပြန်သည်။
ငါသည် မျက်နှာဖုံးကိုခွာချခဲ့သူမို့..

ထိတ်လန့်နေသောမျက်ဝန်းများနှင့် လူမြင်ကွင်းမှ ပြေးထွက်ခဲ့သော ငါ၏အသက်တိမ်ငယ်သည် တံခါးတို့ကို ပိတ်ကာ အထဲ၌ပုန်းအောင်း၍နေပေသည်။
ငါ၏အမှားကြောင့်..

ငါ၏ရေသေနှယ်ငြိမ်သက်ခဲ့သော နှလုံးသားကို လှုပ်ခတ်အောင် ဆောင်ကြဉ်းပေးခဲ့သူသည် တကယ်ကို အရှက်အကြောက်ကြီးပါပေသည်။
မျက်နှာဖုံးတွေအောက်မှာ နေသားကျခဲ့သူမို့..

🎼"ငါ့လက်ဖဝါးထဲမှာ မင်းအတွက်ပေးမယ့် ပိုးစုန်းကြူးလေးရှိတယ်

လမ်းတစ်လျှောက် ကောက်ယူခဲ့တဲ့ ပျော်ရွှင်မှုလေးအချို့ပေါ့

မင်းနာမည်ဘယ်လိုခေါ်လဲ နာမည်လေးကနွေးထွေးမှာပဲနော်

ငါ့ကိုပြောပြပါနော် ညမိုးသောက်ယံအချိန်ရောက်တဲ့အခါ"🎼

ဒေစီပန်းတစ်ပွင့်ဒဏ္ဍာရီWhere stories live. Discover now