ပြန်ဆုံဖို့နှုတ်ဆက်ရအောင်

123 15 0
                                    


EP-11

ပန်းရောင်၊ ခရမ်းရောင်၊ အဖြူရောင် အပွင့်ပွင့်တဲ့ အိမ်တွင်းအလှစိုက်ပန်းပင်တစ်မျိုးရဲ့ အဓိပ္ပါယ်က နှုတ်ဆက်ခြင်းတဲ့။

ကိုယ်တို့ ရေစက်တွေကုန်ပြီမို့ နှုတ်ဆက်ကြရအောင် လောင်ဝမ်။

-------------။

   "ကျန့်အယ်!..ကျန့်အယ်"

အဝတ်အနည်းငယ်ပါသော အထုပ်သေးသေးလေးကို ကျောမှာလွယ်ရင်း နှေးကွေးသောခြေလှမ်းများဖြင့် လမ်းလေးတစ်လျှောက်တိတ်ဆိတ်စွာလျှောက်လှမ်းမိနေတုန်း တစ်စုံတစ်ယောက်၏အသံကြောင့် ခြေလှမ်းတို့ကို ရပ်မိသည်။
လူမရှိသော လမ်းလေးထဲ၌ ကိုယ်တို့နှစ်ယောက်သာရှိသည်။
ညအမှောင်က တိတ်ဆိတ်လွန်းနေသည်မို့။

    "ကျန့်အယ်၊ ညတွင်းချင်း တကယ်ထွက်သွားတော့မလို့လားဟမ်"

ကိုယ့်အနားလာရပ်သူ ကိုယ့်အစ်ကိုသည် ကိုယ့်လက်အားဆွဲကာဆိုသည်။
သူ့မျက်ဝန်းတွေမှာလည်း ခွဲခွာခြင်းကိုကြောက်ရွံ့‌နေသည့်ပုံစံဖြင့်။

    "ဟုတ်ကဲ့၊အစ်ကို။ ခုနက ခန်းမဆောင်မှာ ဖြေရှင်းချက်‌တွေပေးပြီးပြီဆိုတော့ ကျွန်တော်သွားတော့မယ်"

ကိုယ့်စကားကြောင့် အစ်ကိုသည် ခဏတာတော့ ငိုင်သွားလိမ့်မည်။
တစ်စုံတစ်ခုကို အလေးအနက်စဉ်းစားနေသလိုမျိုး။

    "ဘယ်သွားမယ်လို့စဉ်းစားထားလဲ"

တိုးလျစွာထွက်ပေါ်လာသော အစ်ကို့အသံ၌ မေတ္တာဓာတ်တို့စီးဝင်လိမ့်မည်။
အစ်ကိုသည် ကိုယ့်အားတစ်ခါမျှပစ်ပယ်ဖူးသည် မဟုတ်၍။

    "နယ်စပ်ကိုသွားဖို့အစီအစဉ်တော့ရှိတယ်"

တစ်ခွန်းမေးတစ်ခွန်းဖြေစနစ်ဖြင့် ပြီးဆုံးသွားသော ကိုယ့်တို့နှစ်ယောက်သည် အချိန်အတိုင်းတာတစ်ခုထိ လမ်းမထက်မှာ ငြိမ်သက်စွာရပ်နေမိကြသည်။
နှစ်ယောက်လုံး၌ အတွေးကိုယ်စီနှင့်မို့။

    "မင်းသွားတော့ ရိပေါ်ကိုဘယ်လိုလုပ်မလဲ"

   "အစ်ကိုက စောင့်ရှောက်ပေးပေါ့"

    "ဒါပေမယ့် သူချစ်တာမင်းလေ၊ ငါမှမဟုတ်တာ"

‘ငါမှမဟုတ်တာ’ဟူသောဝါကျအဆုံး၌ အစ်ကိုသည် တိမ်ငယ်လေးအား စိတ်ဝင်စားနေသည်ဟူသော အတွေးအချို့ဝင်မိသည်။
သူ့မျက်လုံးတွေက ဝမ်းနည်းနေသည်မို့။

ဒေစီပန်းတစ်ပွင့်ဒဏ္ဍာရီWhere stories live. Discover now