EP-7ကြင်နာယုယဆေးကုသဖို့ သမားတော်တစ်ဦးအလိုရှိသည်။
အိမ်အမှတ် ၁၅၀၀ အကြင်နာလမ်း မေတ္တာရပ်ကွက်---------------,,
တိမ်တွေညိုသောမနက်တစ်ခု၌ဖြစ်ပါ၏..။
တစ်နည်းအားဖြင့်ဆိုသော် ရှောင်လင်ဘုံကျောင်း၌ ပြင်းထန်သောတိုက်ပွဲတစ်ပွဲဖြစ်ပြီး နောက်တစ်နေ့မနက်ဖြစ်သည်..။ငါသည် ထိုဘုံကျောင်း၌ တိုက်ခိုက်ရာ၌ အဓိကသူရဲကောင်းတော့ ဖြစ်ခဲ့မှာပေါ့လေ..
ထူးထူးခြားခြား ဒေစီပန်းတွေမရှိသော ဤအရပ်သည် မြက်ပင်ရှည်တွေသာ ပေါက်ရောက်နေ၏..။
ပုပ်ပွနေတဲ့ မြေကြီးလိုပေါ့..။
ဘေးတစ်ဖက်တစ်ချက်ကို လှည့်ကြည့်ရင် မြစ်ကမ်းပါးလေးကို တွေ့ရမည်ဖြစ်သည်..။ရေပြင်၏အဆုံးမှာတော့ မှိုင်းမို့ဆိုင်းညို့နေသော ကောင်းကင်ပြင်တစ်ခွင်ကို မြင်တွေ့ရပေမည်..။
စာသင်ဆောင်ပြန်မည်ဟုပြောကာ အခြားတစ်နေရာသို့ထွက်လာခဲ့သော ငါသည် မုသားတို့သုံးခဲ့သည်မို့..။‘ဟင်..’
တအံ့တဩနှင့် စိတ်ထဲမှ ရေရွတ်မိသည့်အကြောင်းမှာ မြစ်ကမ်းဘေးမှ သစ်ပုတ်ပင်ကြီးကိုမှီကာ မြစ်ရေပြင်ဘက်ငေးနေသော လူငယ်လေးတစ်ယောက်ကြောင့် ဖြစ်လိမ့်မည်..။
အလွန်တရာမှ အံ့ဩစေသောအကြောင်းမို့.."သူစိမ်းညီနောင်.."
လက်တို့ကို လေထဲ၌ဝှေ့ယမ်းပြရင်း အပြေးအလွှားသွားဖက်မိသည်..။
သည်ရက်တွေအတွင်း သတိရနေခဲ့မိသည်မို့..။"အာ့..."
သူစိမ်းကောင်လေးရဲ့ လက်မောင်းကိုမတော်တဆဖိမိသည့်အချိန်၌ ခပ်တိုးတိုးညဉ်းညူသံတို့ထွက်လာတာ ဖတ်ထားရာက ပြန်ခွာမိသည်..။
သူစိမ်းကောင်လေး နာကျင်သွားတာက ညာဘက်လက်မောင်းသာမို့..။"ဘာဖြစ်တာလဲ မင်းလက်မောင်းက.."
"အာ..မနေ့က သံနဲ့ခြစ်မိတာရောဂါပိုးဝင်မှာစိုးလို့ ဆေးလိမ်းပြီး ပတ်တီးစည်းထားတာလေ.."
"ဟမ့်..မင်းတို့လိုကျင့်စင်ကျင့်တဲ့သူတွေက ရောဂါပိုးဝင်မှာကြောက်ရလို့လား ဟုတ်မှလည်းပြောနော်.."
VOUS LISEZ
ဒေစီပန်းတစ်ပွင့်ဒဏ္ဍာရီ
Fanfictionဒေစီပန်းလေးတွေရဲ့အဓိပ္ပါယ်က "မေတ္တာသက်ဝင်နေရင်တောင် ဘယ်တော့မှ ဖွင့်ပြောမှမဟုတ်ဘူး" တဲ့