သံလွန်စတစ်ခု

139 13 5
                                    


EP-16

ကြယ်တွေရဲ့အဆုံးမှာ မင်းကိုများပြန်ရှာတွေ့မလားဆိုတဲ့မျှော်လင့်ချက်နဲ့ တစ်ညလုံးမိုးကောင်းကင်ကို မော့ကြည့်လို့ ကြယ်တွေကို ထိုင်ရေဖူးတယ်..။

---------------------,,

နှင်းတွေပိန်းပိတ်အောင်ကျနေသော နေရာ၌ဖြစ်သည်။

ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်နေပြီး နှင်းစက်ဖွေးဖွေးများက နေရာအနှံ့အိပ်စက်နေကြသည်။

ဝမ်သခင်လေးတစ်ယောက် သူ၏ကိုယ်ပိုင်မြင်းကိုဆွဲရင်း နှင်းတောထဲမှရုန်းကာ လမ်းဟုထင်ရသည့်နေရာမှာ လမ်းလျှောက်လာခဲ့သည်။
လက်ထဲမှ မြေပုံကိုကိုင်ရင်းလေ။

အရိုးထဲထိပါစိမ့်ဝင်သည့် အအေးဒဏ်ကြောင့် မြို့ထဲမဝင်ခင် ဈေးလမ်းထဲမှ သိုးမွှေးထည်များကို စာမူခများနှင့်လဲ၍ဝယ်ခဲ့သည်မို့ သူ့ခန္ဓာကိုယ်၌ သားမွေးအင်္ကျီအထပ်ထပ်နှင့်။

အအေးဒဏ်ကြောင့် ဖြစ်မည်။ ဝမ်သခင်လေး၏ နှာခေါင်းထိပ်သည် အနည်းငယ်များရဲနေခဲ့သည်။ ဝမ်သခင်လေးသည် ပါးစပ်မှအငွေ့များထွက်သည်အထိ သက်ပြင်းချလိုက်ပြီး ချမ်းအေးလှသည့် ဤပတ်ဝန်းကျင်မှ ရုန်းထွက်နိုင်ရန် ကြိုးစားလျက်ရှိသည်။

ခေါင်း၌အုပ်ထားသော သိုးမွှေးဦးထုပ်အားပိုမိုနွေးထွေးစေရန် တစ်ချက်မျှပွတ်သတ်ပြီး ကောင်းကင်ကြီးအားမော့ကြည့်လိုက်သည်။
ကောင်းကင်၌မြင်နေရသည်က တိမ်တွေလား..၊ နှင်းတွေလား..။

ဝမ်သခင်လေးသည် သက်ရှိတစ်ယောက်ယောက်များ ရှိမရှိ သူ့ပတ်ဝန်းကျင်အား လှည့်ပတ်ကြည့်ကာ အကဲခတ်သည်။
တစ်စုံတစ်ယောက်အားတွေ့လိုတွေ့ငြားပေါ့။

ဝမ်သခင်လေးသည် သူ၏မြင်းညိုကြီးအားဆွဲကာ ပိတ်ပိတ်ဖုံးနေသော နှင်းတွေအောက်မှ လူသွားလမ်းကိုမှန်းဆရင်း ဆက်လျှောက်လာခဲ့သည်။
သူ့မျက်လုံးထောင့်၌ လှုပ်ရှားမှုတစ်စုံတစ်ခုအားတွေ့မြင်လိုက်သည်မို့။

     "တစ်ဆိတ်လောက်..ချင်းရန်မြို့ကိုဘယ်လိုသွားရမလဲ"

     "ဒါက ချင်းရန်မြို့ပဲ"

ဒေစီပန်းတစ်ပွင့်ဒဏ္ဍာရီOnde as histórias ganham vida. Descobre agora