လင်ရွေ့ (၂ - ၁)

1.2K 153 10
                                    

(၆၇)

ငါနေ့လည်အထိ အိပ်ခဲ့တယ်။ ဈေးထဲသွားပြီး စားစရာတွေဝယ်တယ် ပြီးတော့ စတိုးဆိုင်သွားပြီး မုန့်တွေဝယ်တယ်။ ပန်းခြံရှေ့ကဖြတ်သွားတော့ ကလေးတွေအများကြီးကို ငါ မုန့်တွေ ဝေခဲ့သေးတယ်။

အတန်ကြာ ချင့်ချိန်တွေးတောပြီးမှ ခုန်တန်းရှည်ပေါ်မှာ စားစရာတွေဘေးမှာချရင်း ထိုင်ကာ တစ်နေ့တာလုံး ပန်းခြံရဲ့ရှုခင်းကို ထိုင်ကြည့်နေခဲ့တယ်။

အရမ်းကို လှ‌လိုက်တာ။
...

(၆၆)

အစားအသောက်ဆိုးဆေးတွေကိုသုံးပြီး အကိုက်အခဲပျောက်ဆေးတွေကို သကြားလုံးတွေလိုဖြစ်အောင် လုပ်နိုင်တာကို စာအုပ်တစ်အုပ်မှာငါတွေ့ခဲ့တယ်။

ငါတိတ်တိတ်လေး ဆေးတွေကို ရေတွက်ကြည့်ပြီး ရောင်စုံသကြားလုံးလို သူတို့တွေကို ဆေးဆိုးပစ်လိုက်တယ်။

တစ်လုံး၊ နှစ်လုံး၊ သုံး - လေးလုံး၊ ငါး - ခြောက် - ခုနစ် - ရှစ်လုံး၊ ကိုး - တစ်ဆယ် - ဆယ့်တစ်လုံး အကုန်လုံးကို သကြားလုံးပုံပြောင်းပြီး အရင်အတိုင်းပြန်ထားတယ်။

အို့ ကောင်းပါပြီ။

ဒါတွေက ကြည့်လို့ကောင်းတဲ့ ဆေးတွေအဖြစ် ပြောင်းသွားရုံပါပဲ ခါးသက်နေတုန်း။
...

(၆၅)

ငါအတိတ်အကြောင်း ပြန်မတွေးချင်ဘူး၊ ဒါကြောင့်မို့ ကုမ္ပဏီမသွားဘူး၊ ငါသူနဲ့အတူ မကြာခဏ သွားနေကျ ကျောင်းတွေ တစ်ခြားနေရာတွေ မသွားဘူး။

ငါကြောက်တယ်၊ ငါသူ့ကိုစဉ်းစားမိတဲ့အခါမှာ အကိုက်အခဲပျောက်ဆေးတွေက အလုပ်မလုပ်‌တော့မှာကို

ဒီနေ့ ငါနေပူဆာလှုံခဲ့တယ်။ လသာဆောင်မှာ သစ်ပင်တစ်ပင်ရှိတယ်။ ငါတော့ အဲ့တာက သစ်ပင်လို့ထင်တာပဲ။
...

(၆၄)

ရှောင်ရှက ငါ့ဆီစာတစ်စောင်ပို့တယ်၊ ကုမ္ပဏီရဲ့ ပင်မပရောဂျက်တွေက စီးပွားရေးအလဲအလှယ်လုပ်ဖို့ အယူခံလိုက်ရတယ်တဲ့၊ ငါ အဲ့ဒီအကြောင်း သိလား မသိဘူးလား မေးတာ။

ငါသိလည်းသိတယ်၊ မသိလည်းမသိဘူး။

ငါဒီပရောဂျက်မှာ ၆နှစ် ၇နှစ်လောက် ကုန်ဆုံးခဲ့ရတာ။ ငါရှဲ့မင်ဆီကို အပြည့်အဝမထုတ်ဖော်ရသေးဘူး။ ဒီပရောဂျက်က အခွင့်အလမ်းတစ်ခုလိုအပ်တယ်။ စောင့်ဆိုင်းဖို့လိုအပ်ပေမယ့် ငါမစောင့်ဆိုင်းနိုင်တဲ့ အခွင့်အရေးတစ်ခုပေါ့။

နောက်ဆုံးသောရက်ပေါင်းတစ်ရာ ||ဘာသာပြန်Where stories live. Discover now