လင်ရွေ့ (၁ - ၂)

1.2K 162 3
                                    


(၈၇)

ဆေးဝယ်ခဲ့တယ်။

ကန်စွန်းဥခေါက်ဆွဲဝယ်ခဲ့တယ်။

ဟော့ပေါ့တစ်ယောက်တည်း သွားစားခဲ့တယ်။

သော့ပျောက်သွားခဲ့တယ်။

ငါငိုခဲ့တယ်။

အိမ်ကိုမပြန်နိုင်တော့ဘူး။
...

(၈၆)

သူ့ကိုဖုန်းမခေါ်ခဲ့ဘူး။ မနက်၆နာရီမှာ လူတစ်ယောက်လွှတ်ပြီး လျှို့ဝှက်နံပါတ်ဖြည်ဖို့ တံခါးသော့လဲခိုင်းခဲ့တယ်။

အဲ့ဒါပြီးတော့ အိမ်ပြန် ရေမိုးချိုးပြီး ဆေးသောက်ခဲ့တယ်။

ပြီးတော့အိပ်လိုက်‌တော့တယ်။
...

(၈၅)

အိမ်မက်ဆိုးတွေမက်ခဲ့တယ်
...

(၈၄)

ငါတို့စဒိတ်ခါစက ဘာဖြစ်ခဲ့သလဲ ပြန်တွေးမိတယ်။ လူ့ငမွဲသူက ငါ့ကိုရေခဲမုန့်ဝယ်ပေးပြီး ငါ့ကိုအကုန်စားခိုင်းခဲ့တယ်။ နောက်ဆုံးကျ ငါ့နှုတ်ခမ်းပေါ်က ရေခဲမုန့်နည်းနည်းလောက်ကို သူလျှက်ပြီး ကျေနပ်သွားခဲ့တယ်။

သူကန်စွန်းဥခေါက်ဆွဲကြိုက်မှန်း ငါသိတာပေါ့။ ငါမကြာခဏ ကန်စွန်းဥခေါက်ဆွဲဝယ်ပြီး သူ့အဆောင်မှာ သူ့ကိုသွားရှာခဲ့တယ်။ ငါလာတာတွေ့တဲ့အခေါက်တိုင်း သူရယ်တာ အိပ်ရာပေါ်တောင်ပြုတ်ကျတယ်လေ "အိုး ရွေ့ရွေ့လေး --"

"ကိုယ်မင်းကို သိပ်ချစ်တာပဲ --"
...

(၈၃)

သူငါ့ကို ဘာလို့မချစ်တော့တာလဲလို့ ငါသူ့ကိုမေးခဲ့တယ်။

သူစိတ်ဆိုးနေတုန်းပဲ။ သူငါ့ကိုကြည့်ရုံကြည့်ပြီး နှာမှုတ်တယ်။ အဲ့နောက် သူပြောတယ်။ မင်းက မြင့်မားတဲ့မြင်းပေါ်မှာပဲ နေနေပြီး အရမ်းစိတ်နေမြင့်ပြီး တော်ဝင်ဆန်သလို ပြုမူနေတယ်။ မင်းငါ့ကို ဒီဆက်ဆံရေးမှာ အလေးအနက်မထားဘူး၊ မင်းငါ့ကို တကယ်ချစ်လား မချစ်လားတောင် မသေချာဘူး၊ အထူးအဖြင့် လက်ထပ်ပြီးတဲ့နောက်ပိုင်းပေါ့။ တစ်ခါတစ်လေ ငါတွေးကြည့်လို့မရဘူး မင်းဘာလို့ ငါနဲ့ငြိတွယ်ဖို့ ဆုံးဖြတ်ခဲ့သလဲဆိုတာကို။ မင်းအချစ်တွေက ရုတ်တရတ်ဆိုသလို အမြဲတမ်းကိုပြောင်းလဲနေတာ။ နေ့တိုင်း လူတွေကမင်းအပေါ် ဒေါ်လာ၈သန်းလောက် အကြွေးတင်နေသလို မျက်နှာထားကြီးလုပ်နေတာ။ လင်ရွေ့ မင်းငါ့ကို တကယ်ရောချစ်ရဲ့လား?

နောက်ဆုံးသောရက်ပေါင်းတစ်ရာ ||ဘာသာပြန်Where stories live. Discover now