မူရင်းစာရေးသူမှာပြောစရာရှိတယ်

1.8K 147 15
                                    

စာရေးသူမှာပြောစရာရှိတယ်:

အချက်အလက်ကိစ္စတစ်ခုအရတော့ ငါရွေ့ရွေ့ရဲ့ chapter 3ရဲ့အကြောင်းတွေကို မေ့လုနီးနီးကိုဖြစ်နေပြီ။ဒါပေမယ့် ငါရုတ်တရတ် ရှဲ့မင်အကြောင်းကို ဒီနေ့မှာ ရေးချင်လာတယ်။ ငါကောင်းကောင်းမရေးခဲ့ဘူး ဘာကြောင့်ဆို သူမသိတဲ့အရာတွေ အများအပြားရှိနေတယ်လေ။ အဲ့တာတွေကို သူသိစရာအကြောင်းမရှိသလို ငါလည်း သူ့ကိုမသိစေချင်ဘူး။ (ငါထင်တယ်၊ သူသိခဲ့ရင် မထိုက်တန်ဘူးလို့ ခံစားရမှာ)။ ရွေ့ရွေ့က သေခါနီး အိပ်ရာပေါ်မှာ လှဲနေရတဲ့အချိန်အထိ သူ့ကို တွေးနေခဲ့တုန်း ဆိုတာလိုမျိုးပေါ့ကွာ။ သူသိမှာမဟုတ်ဘူး၊ သိစရာအကြောင်းလည်း မရှိဘူး။ ဒါကြောင့် ရှဲ့မင်အကြောင်းကို ငါမရေးချင်ခဲ့တာပဲ၊ အဓိကကတော့ ငါဘယ်လို ကောင်းမွန်အောင်ရေးရမလဲကို မသိတာမို့လို့။

ဘာမီးသင်္ဂြိုလ်ရုံမှမရှိဘူး။ လူတစ်ယောက်က လုံးလုံးသေသွားပြီ။ နောင်တတရားတစ်ခုပဲ ကျန်ခဲ့တယ်။

ငါ့မှာအခွင့်အရေးရှိလာခဲ့ရင်တော့ ငါပြန်ရေးမှာပါ။ ဒီနေ့တော့ ငါမရေးနိုင်ဘူး [စိတ်ပျက်]

ထပ်ပြောရရင် ရှဲ့မင်က ၃၅ထိပဲရှိတာ ဘာလို့လဲဆိုရင် အဓိပ္ပာယ်က သူက ၃၅နှစ်အထိပဲ နေခဲ့ရလို့ပါပဲ။
...

စာရေးသူက Novel Pageအောက်မှာ commentပေးခဲ့တယ်

စကားလုံးအနည်းငယ်လောက်ပါပဲ

၁. ငါ second chapter ရေးဖို့ အစီအစဉ်မရှိခဲ့ဘူး။ အဲ့အချိန်တုန်းက ရှဲ့မင်အကြောင်း အိပ်မက်တွေဆက်တိုက်မက်နေလို့သာ ငါ second chapter ကိုရေးခဲ့တာ။
(T/N: လင်ရွေ့က 1st chp, ရှဲ့မင်က 2nd chp )

၂. ရှဲ့မင်မှားတယ်၊ လင်ရွေ့လည်းမှားတယ်။

၃. သူတို့နှစ်ယောက်လုံးက အ,အတွေလိုပဲ။ ငါထင်တာကတော့ ဒါကပုံမှန်ပါပဲ။ လူတိုင်းမှာက ကွဲပြားတဲ့ပင်ကိုစရိုက်တွေ ရှိကြတယ်။ မင်းထင်သမျှကိစ္စတိုင်းက မင်းထင်သလိုဖြစ်နေမှာမဟုတ်ဘူး။ မင်းက သူမဟုတ်ဘူး‌လေ သူဘာတွေးနေလဲ မင်းနားမလည်နိုင်ဘူး။ လူတိုင်းက ချစ်နေကြတဲ့အချိန်မှာ ရိုးသားကြတာမဟုတ်ပါဘူး။ အနည်းဆုံးတော့ ငါ့နားတဝိုက်မှာ အဲ့လိုမဟုတ်တာတွေရှိတယ်(မရိုးသားတာ)။ အများစုက ဆိုးသတင်းထက် ကောင်းသတင်းကိုပဲ ပြသဖို့လုပ်နေကြတာပဲ။ မျိုးစုံသောအကြောင်းပြချက်အတွက် သူတို့ရဲ့ အချစ်တွေ မြတ်နိုးခြင်းတွေက အမျိုးမျိုးသော ငြီးငွေ့ဖွယ်အသေးစိတ်အချက်တွေကြောင့် သေဆုံးသွားပြီလို့ ပြောလို့မရဘူး။ "သူတို့ကချစ်သူတွေပဲ၊ သူတို့ကြားမှာ တစ်ယောက်ကိုတစ်ယောက် နားမလည်နိုင်တာ ဘာရှိလို့လဲ?" လို့ ပြောလို့တော့ရနိုင်ပေမယ့် အချို့သူတွေကတော့ မလုပ်နိုင်သေးတာပါပဲ။

နောက်ဆုံးသောရက်ပေါင်းတစ်ရာ ||ဘာသာပြန်Where stories live. Discover now