လင်ရွေ့(၂ - ၂)

1.4K 162 9
                                    


(၄၈)

ငါပွဲတစ်ခုတက်ခဲ့တယ်။

အပြန်မှာမိုးရွာတယ်။ ငါစိုရွှဲကုန်ရော။ အအေးမိကာကွယ်ဆေး အထုပ်ကြီးကို ဆေးဆိုင်ကဝယ်ခဲ့ပြီး အိမ်ပြန်တယ်။
...

(၄၇)

ရှောင်ရှက သူလာကြည့်မယ်ပြောတယ်။ ‌ဒေါက်တာကတစ်ဆင့် ငါနေမကောင်းမှန်း သူသိသွားတယ်လေ။

ငါ စားစရာ‌တွေ အများကြီးဝယ်ပြီး စားပွဲအကြီးကြီးနဲ့အပြည့် အစားအသောက်တွေ ပျော်ပျော်ရွှင်ရွှင်နဲ့ ချက်ပြုတ်ခဲ့တယ်။

ရှောင်ရှက ကုမ္ပဏီက ငါ့အတွင်းရေးမှူးလေ။ သူက ချစ်စရာကောင်းတဲ့ ကောင်လေးတစ်ယောက်ပါ။ သူအိမ်လာတော့ ပန်းစည်းကြီးတစ်ခုယူလာခဲ့တယ်လေ။ အနံ့လေးက အရမ်းမွှေးနေရော။

ငါပျော်ပျော်ကြီး သူ့ပုခုံးကိုပုတ်လိုက်တယ်။ သူ ရုတ်တရတ် အသက်တစ်ချက်ရှိုက်လိုက်ပြီး ငါ့ကို မျက်ရည်အပြည့်နဲ့ကြည့်လာတယ်။

"ရွေ့ကော အကိုဘယ်လိုများ ကျွန်တော့်ကို ဖုံးကွယ်ထားနိုင်ရတာလဲဗျာ? ဝူးဝူးဝူးးး"

"ပြဿနာကြီးကြီးမားမားမှ မဟုတ်ဘဲကွာ၊ ဖုံးကွယ်ထားစရာမရှိပါဘူး၊ ကုပြီးသွားမှ မင်းကိုပြောတာ ပိုမကောင်းလို့လား?" ငါသူ့ကိုနှစ်သိမ့်တယ်။

သူနစ်နာသလိုခံစားရပြီး မေးတယ် "တကယ်နော်?"

ကြည့်ရတာ ဒေါက်တာက သူ့ကို ဘာနေမကောင်းဖြစ်တာလဲ ပြောခဲ့ပုံမရဘူးပဲ။ ငါစိတ်သက်သာရာရသွားတယ်။ သူ့ခေါင်းလေးကိုပုတ်ပြီး နွေးထွေးတဲ့အသံနဲ့ ပြောလိုက်တယ် "တကယ်ပါကွာ"

"ဒါဆို အကို ဥက္ကဌရှဲ့ကို ပြောပြမှာလား?"

ငါပြုံးကာ "ဟင့်အင်း၊ သူစိတ်‌ပူနေမှာငါကြောက်တယ်၊ သူကကိစ္စတွေကို ပုံကြီးချဲ့ရတာကြိုက်တယ်လေ၊ မင်းသူ့ကို မပြောတာပဲ ကောင်းလိမ့်မယ်၊ ငါပြန်ကောင်းတဲ့အထိစောင့်ဦး၊ ဒေါက်တာက ငါမကြာခင် ပြန်ကောင်းလာတော့မှာတဲ့"

သူခေါင်းညိတ်ပြီး စတင်ကာ ပြုံးတော့တယ်။

ငါလည်း ပြန်ပြုံးပြတယ်။
...

(၄၆)

IV dripချိတ်ဖို့ ဆေးရုံသွားရတုန်းက ကလေးတစ်ယောက်နဲ့တွေ့ခဲ့တယ်။ သူလေးက ငါ့ကို သက်တန့်သကြားလုံးပေးခဲ့တယ်။

နောက်ဆုံးသောရက်ပေါင်းတစ်ရာ ||ဘာသာပြန်Where stories live. Discover now