ရှဲ့မင်( ၂ )

1.7K 197 13
                                    

(၁၆)

ငါနေလို့မကောင်းဘူး။ သူ့ကိုပွေ့ထားပြီး သူနဲ့ ခဏတဖြုတ် စကားစမြည်ပြောခဲ့တယ်။

ငါသူ့ကိုမေးခဲ့တယ်၊ မင်းထွက်သွားရင် ကိုယ်ဘယ်လိုလုပ်မလဲဆိုတာ မင်းတစ်ခါမှ မတွေးခဲ့ဘူးလား?

နောက်တော့ ငါအိပ်ပျော်သွားတယ်။ ဒါဆို မင်းရော မင်းထားသွားရင် ငါဘယ်လိုဖြစ်သွားမလဲလို့ တွေးခဲ့လား? လို့ သူပြောတာငါကြားခဲ့သလိုပဲ။
...

(၁၇)

အိမ်ဆက်တဲ့blockတွေ အိမ်မှာအများကြီးရှိတယ်။ ငါနည်းနည်းပျင်းနေတယ်။ ငါသူ့ကိုကူပြီး block တွေနဲ့ဆော့ပေးခဲ့တယ်။ ကြောင်လေးဆက်တယ်။ ရွေ့ရွေ့လို့ ငါနာမည်ပေးခဲ့တယ်။

ငါပြောခဲ့တယ်၊ ရွေ့ရွေ့ မင်းကိုယ့်ကိုချစ်လား?

ငါရုတ်တရတ် သူငါ့ကိုမချစ်ပါဘူးလို့ မေးခွန်းထုတ်ခဲ့တုန်းက သူဘယ်လောက်တောင် အသည်းကွဲခဲ့သလဲ ငါမှတ်မိသွားခဲ့တယ်။

သူငါ့ကို ချစ်ရဲ့လား?
...

(၁၈)

သူ့ဒိုင်ယာရီကို ငါရှာထုတ်မိခဲ့တယ်။
...

(၁၉)

လတ်စသတ်တော့ ငါက သူ့အချစ်ဦး ဖြစ်နေတာပဲ။
...

(၂၀)

လတ်စသတ်တော့ သူက ငါနဲ့ အတူအိုမင်းသွားချင်ခဲ့တာပဲ။
...

(၂၁)

WeChatကိုဖွင့်တယ်၊ လျှောက်ဆွဲကြည့်တယ်၊ နောက်ဆုံးကျ မနေနိုင်ဘဲ New Friends ဆိုတဲ့ Tagကို ဖွင့်ကြည့်လိုက်တယ်။ အဲ့မှာ သူ့ဆီက စာတွေရှိနေခဲ့တယ်။

- ‌ကျေးဇူးပြုပြီး၊ ငါ့မှာ မင်းကို နှောင့်ယှက်ချင်တဲ့ ရည်ရွယ်ချက်မရှိပါဘူး။ ငါမင်းကို တွေ့ချင်ရုံလေးပါ။

- ရှဲ့မင် ငါမင်းကို မနှောင့်ယှက်ပါဘူး။

- ကျေးဇူးပြုပြီး၊ ငါမင်းကိုလွမ်းရင် ဘာလုပ်သင့်လဲဟင်?

- ငါမင်းကို အရမ်းလွမ်းတာပဲ။ ငါနဲ့စကားပြောနိင်မလား?

- ရှဲ့မင် အရမ်းနာတာပဲ။

- မင်း ငါ့ကိုမတွေ့ချင်လို့ ငါ့ကိုdeleteလုပ်ထားတာလား? ငါတောင်းဆိုပါတယ်မင်းကို၊ ဒီလိုမလုပ်ပါနဲ့ကွာ။

နောက်ဆုံးသောရက်ပေါင်းတစ်ရာ ||ဘာသာပြန်Where stories live. Discover now