လင်ရွေ့ (၁ - ၁)

3.2K 169 4
                                    

(၁၀၀)

ငါဖျားနေတယ်။ ရှဲ့မင်မသိဘူး။

ငါသူ့ကိုမပြောပြချင်ဘူး။ ဖုန်းကွယ်ထားချင်တာမျိုး မဟုတ်ရပါဘူး။ ငါဒီတိုင်း လူတိုင်းကို မပြောပြချင်တာ။

ဆရာဝန်က သူငယ်ချင်းရဲ့ သူငယ်ချင်းတစ်ယောက်။ သူက အတော်လေး ယဉ်ကျေးတယ်။ သူပြောတာတော့ မှာတဲ့အတိုင်း စည်းစနစ်တကျ ကုသမှုခံယူမယ်ဆိုရင် တစ်နှစ်ထက်ပိုပြီး ငါနေနိုင်လိမ့်မယ်တဲ့။

တစ်ခါတစ်လေ ငါလည်း စနစ်တကျ ကုသခံချင်ပါရဲ့။ တစ်ခါတစ်လေကျ မြန်မြန်သာ သေသွားချင်မိတယ်။
...

(၉၉)

ရှဲ့မင်က သူဒီညနေ အတော်နောက်ကျမှ အိမ်ပြန်ဖြစ်မယ်လို့ ပြောခဲ့တယ်။ ငါအကြာကြီးစောင့်ခဲ့တယ်။ နံရံပေါ်က နာရီက ၁၁ထိုးတော့မှ စောင့်တာကိုရပ်ခဲ့တယ်။

ငါဒီနေ့မသေချင်သေးဘူး၊ ဒါကြောင့်မို့ နောက်ကျတဲ့အထိ နေလို့မရဘူးလေ။
...

(၉၈)
ဒီနေ့ နေရောင်ခြည်လေးလှတယ်။ ပြတင်းအောက်ခံဘောင်ကနေ ဖြာကျလာတာ။ ငါ့ခြေထောက်လေးတွေ အနည်းငယ်နွေးထွေးလာခဲ့တယ်။

ငါကုမ္ပဏီမသွားချင်ဘူး။ ငါရှိရှိ မရှိရှိ တူတူဖြစ်နေမယ့်ဥစ္စာ။
...

(၉၇)

ဒီနေ့ ရှဲ့မင်က ငါ့ကို ပန်းစည်းဝယ်ပေးတယ်။

ငါလဝက်လောက် အပြင်မထွက်ခဲ့ဘူး။ သူပြောတာက နွေဦးရောက်ပြီ၊ ပြီးတော့ ငါတို့ရဲ့ ဆယ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်ကလည်း နောက်နှစ်ရက်ဆို ရောက်ပြီတဲ့။

ငါ "အို့" လို့ပြောလိုက်တယ်၊ ဘာပြောရမှန်း ငါမသိဘူးလေ၊ အဲ့ဒါကြောင့် ငါသူ့ကို ကလိမ်ကကျစ်ကျပြီး ကြက်ဥထမင်းကြော်ခိုင်းခဲ့တယ်။

သူကြိုက်တဲ့ပုံမပေါ်ဘူး။ သူနှစ်လုတ်လောက်စားပြီး တံခါးစောင့်ပိတ် ထွက်သွားခဲ့တယ်။
...

(၉၆)

ရှောင်ရှက WeChatကနေ ငါ့ကို စာပို့ခဲ့တယ်၊ ဝန်ထမ်းအသစ်လေးနဲ့ ဥက္ကဌရှဲ့က အရမ်းနီးကပ်နေပုံရတယ်တဲ့။

ငါဘာစာပြန်ရမလဲမသိဘူး၊ အဲ့တော့ငါ ရယ်ပဲနေလိုက်တယ်။

ငါထောက်ခံမှုရဖို့ သူများတွေဆီကနေ ကြင်နာမှုကိုယူနေမိလို့ နည်းနည်းတော့ အားနာမိပါရဲ့။

နောက်ဆုံးသောရက်ပေါင်းတစ်ရာ ||ဘာသာပြန်Where stories live. Discover now