နတ်နဂါး သုံးပါး၏ ချစ်ခြင်း

989 73 8
                                    

ထန်ပြည်အပါအ၀င် ခုနှစ်ပြည်ထောင်တွင် သတင်းဆိုးတစ်ခုဟာ မိုးကောင်းကင်ကြီးမှ မိုးကြိုးစည်ကြီး တီး လိုက်သည့်နှယ် ဖိန့်ဖိန့်တုန်မတက် ထွက်ပေါ်လာလေသည်။

ခုနှစ်ပြည်ထောင်၏ အနာဂတ် ဧကရီလောင်းလျာ ၀မ်သခင်လေး အဆိပ်မြှားဖြင့်လုပ်ကြံခံရ၍ သတိမေ့မျောလျှက် ရှိလေပြီ။

ထိုသတင်းဟာ ထန်ပြည်အတွက်တင်မက ခုနှစ်ပြည်ထောင်အတွက်ပါ သတင်းဆိုးဖြစ်လေသည်။

လွန်ခဲ့သော ၂၅နှစ်ခန့်တွင် သန်းခေါင်ကျော်အချိန်တွင် နတ်နဂါးခုနှစ်ပါးအနက်မှ မြောက်အရပ်အား ပိုင်စိုးသော မဟူရာသခင် အရှင်‌ ‌ေရှာင်းမိုရွှမ်း ဟာ ထန်ပြည်မြောက်ပိုင်း မဟူရာတောနက်အတွင်းမှ ပေါ်ထွက်လာကာအမြင့်မှ‌ေန၍ ထန်ပြည်အားလှည့်ပတ်ကာ ကောင်းကင်ယံသို့ ဂုဏ်ယူစွာမြည်တမ်းလျှက် ပျံတက်သွားလေသည်။ထိုအရာနှင့် လျော်ညီစွာ တစ်ချိန်တည်းမှာပင် ထန်ပြည်၏ ယခင်ဧကရာဇ်၏မိဖုရားကြီး ပေထန်လောင်ကျစ် ဟာ လက်ရှိထန်ပြည်ဧကရာဇ်၏ ညီတော် ရှောင်းမော့ရန်အား ဖွားမြင်ခဲ့လေသည်။

၀မ်ရယ်လေးမော့ရန်အား ဖွားမြင်ပြီး
အချိန်အားဖြင့်နှစ်ရှီချန်(၄နာရီ)ကြာ ညောင်း၍ နံနက် ရောင်နီ ဖြူးခါစ အချိန်တွင် ထန်ပြည်၏ အရှေ့ဘက် ဖန်းလာ့ မြစ်ထဲမှ အရှေ့အရပ်အားစိုးမိုးခြင်း နတ်နဂါး ရှောင်းကျွမ်းကျင့် ဟာ ကောင်းကင်ယံမှ နေ၍ ထန်နန်းတွင်းအား လှည့်ပတ်လို့ ပျော်ရွှင်စွာ မြည်ဟိန်းလို့ အထက် ကောင်းကင်သို့ ပျံတက်သွားလေ၏။ထိုအချိန်မှာပဲ လက်ရှိထန်ဧကရာဇ် ပေထန်‌ဝူကျိ ၏ မိဖုရားကြီး ပေထန်လော့ဖန်း ဟာ ထန်ပြည်၏ အိမ်ရှေ့စံ ရှောင်းကျန့် အားဖွားမြင်ခဲ့ေလသည်။

ထန်ပြည်၏ တော်၀င်မျိုးနွယ်တို့သည် ဧကန်စင်စစ် ပေထန် မျိုးနွယ်၀င်များဖြစ်ကြသော်လည်း နဂါးနက္ခက်ဖြင့် မွေးဖွားလာသူ ထိုလူသားနှစ်ယောက်ကိုဖြင့်တော့ ထိုသူတို့၏ ကံကောင်းမှုအစောင့်နတ်မင်းတို့၏ အမည်နာမ များအတိုင်း

ရှောင်းတပ်၍

ရှောင်းကျန့်နှင့် ရှောင်းမော့ရန်ဟူ၍ ခေါ်တွင်စေလေသည်။

Who Is The Conqueror?Where stories live. Discover now