ဘာ!!ငါလက်ထပ်ရမဲ့ သတို့သားက နှစ်ယောက်တောင်!!

747 72 39
                                    

ထန်ပြည် ပညာရေးအမတ်ဖြစ်သည့်

၀မ်အမတ်ကြီးအိမ်တော်၏ အဖြူရောင်တွေချည့် ဆင်ယင်ထားသည့်အခန်း တစ်ခုအတွင်းရှိ ဖြူလွှလွှအိပ်မွေ့ယာပေါ်တွင် အဖြူရောင်အမျိုးသားငယ်လေးဟာ လှဲလျောင်းလျှက်၊သို့တည်းမဟုတ် သတိမေ့မျောနေခြင်းသာ ဖြစ်နေလေဟန်။

ထို လှဲလျောင်းနေသည့်အဖြူရောင်အမျိုးသားငယ်၏ ပတ်လည်တွင်တော့ ဆယ်ယောက်ထက်မနည်းသော လူသူတို့ဟာ စိုးရိမ်ခြင်းကြီးစွာဖြင့် ငြိမ်သက်နေကြပါသော်လည်း အမျိုးသားငယ် အိပ်စက်နေသည့် အိပ်ယာမွေ့ပေါ် တင်ပါးစောင်း ထိုင်နေသည့် သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးမှာတော့ မျက်ရည်များဖြိုင်ဖြိုင်ကျကာ ငိုကြွေးလျှက်ရှိသည်။

"အမယ်လေး ကျမ သားငယ်လေးမှ ဒီလို အဖြစ်ဆိုးမျိုးကြုံရတယ်လို့ တော်"

ထိုအခါ အနီးနားမှ လူငယ်‌‌ေလးတစ်ဦးသည် ထိုအမျိုးသမီးကြီး၏ ပုခုံးလေးပေါ်သို့ လက်ဖြင့် အသာအယာ ပုတ်ကာ စကားဆိုလိုက်သည်။

"အမေ.....စိတ်မကောင်းမဖြစ်ပါနဲ့ ညီလေးက စိတ်ထားဖြူစင်သူမို့ နတ်ကောင်းနတ်မြတ်တွေက သေချာပေါက် စောင့်ရှောက်မှာပါ"

ထိုစကားကိုကြားချိန်တွင် ထိုအမျိုးသမီးကြီးသည် သူ၏ ဖွံ့ထွားလှသော ရင်အစုံအား ထုရိုက်ကာ(ရင်ဘက်စည်တီးသလို) ငိုကြွေးလေတော့သည်။

"ဘာမှ မသိတဲ့ ကျမ သားလေးကိုမှ လုပ်ကြံရက်လိုက်တာရှင်။ သခင်ကြီး ရှင် ကြည့်ပါဦး ကျမ သားငယ်‌ေလးရဲ့ဘ၀ကို "

အမျိုးသမီးသည် သူနှင့် မလှမ်းမကမ်းမှ ခင်ပွန်းဖြစ်သူအား ပြဇာတ်အတွင်း ဆွဲသွင်းတော့သည်။

၀မ်သခင်ကြီးမှာ သူ့၏ ဇနီးသည်ကြောင့် သက်ပြင်းကြိတ်ချ လိုက်ချေ၏။ အခန်းတွင်းမှ လူအားလုံးသည်လည်း အတွေးတို့ စုဝေးကာ သက်မ ချ လိုက်ကြလေသည်။

*အိန်းးးးတကယ်ကို ကြေကွဲစရာ မိဘ နဲ့ သားသမီးကြားက ချစ်ခြင်းမေတ္တာပါလား.....အားလုံး လက်မ ထောင်ပြီး အားပေးသင့်တယ်နော်!!!!!*

ဆူညံ့မှုများကြောင့်ထင် အိပ်မွေ့ယာပေါ်မှ  အလှတရားလေးဟာ မျက်ခွံတို့အား ဖွင့်ဟ စ ပြုလာကြလေသည်။

Who Is The Conqueror?Where stories live. Discover now