အချစ်ပြိုင်ဘက်!!!

626 70 18
                                    

၀မ်အမတ်ကြီးအိမ်တော်တွင် အားလုံးဟာ ရုန်းရင်းဆန်ခတ် ဖြစ်သွားကြသည်။

အကြောင်းအရင်းမှာ သတို့သားနှစ်ယောက်ရှိသည် ဆိုတာကို သိလိုက်ရ၍ ၀မ်သခင်လေးက ၀မ်းသာလုံးစို့၍ သတိပြန်မေ့သွားခြင်းကြောင့်။

ဝမ်ရိပေါ် : (၀_၀)ငါ လန့်ပြီးမေ့သွားတာလေ....ဘာကို ၀မ်းသာလုံးစို့တာလဲ!!!!

အိမ်ရှေ့စံနှင့် ဦးရီးတော် မှာတော့ မျက်နှာကြီးများ မဲမှောင်သွားကြတော့သည်။

ဝမ်အိမ်တော်ရှိ လူများမှာလဲ အိမ်ရှေ့စံနှင့် ဦးရီးတော်တို့၏ မဲမှောင်နေသည့် မျက်နှာကြီးများကြောင့် အောင့်သက်သက်ကြီးများဖြင့် ရယ်မောလိုက်ကြသည်။

*ဒါ.....သက်သက်မဲ့ နားလည်မှုလွဲတာပါ!!!*

"အဟမ်းးးးအိမ်ရှေ့စံနှင့်ဦးရီးတော်ဖုရား..၀မ်အာ က အခုမှ သတိရလာလာချင်းမို့ ရုတ်တရက် သည် သတင်းကြောင့် လန့်သွားတာပါ...အရှင်နှစ်ပါး ခွင့်လွှတ်ပေးပါ!!"

ထိုအခန်းထဲရှိ လူသူတို့လည်း ဝမ်သခင်ကြီးအတိုင်း ဦးညွှတ်ကာ ခွင့်လွှတ်မှုကို တောင်းခံလိုက်ကြသည်။

"အဟင်းးး မွေးစားဦးလေး..သိပ်ပြီးမနှိမ့်ချပါနဲ့လေ ဘာပဲဖြစ်ဖြစ် ဒီတူတော်က ဝမ်အာ ကလေးကို စိတ်မဆိုးရက်ပါဘူး!"

အိမ်ရှေ့စံရှောင်း၏ပြောစကားကြောင့် အားလုံးမှာ သက်ပြင်းချလိုက်ကြသည်။

*တကယ်ကို အပြစ်မမြင်ရက်နိုင်တဲ့အထိ ကြီးမားတဲ့ မေတ္တာပါလား နုလုံးသားကလေးတွေ ကြည်နူးသွားရပါပြီနော်!!!!*

"ဟုတ်ပါတယ် မွေးစား အစ်ကို!! နောင်လဲ သည် တော်စပ်မှုထက် ပိုပြီး ရင်းနှီးကြတော့မှာပဲလေ....လွတ်လပ်စွာသာ ပြောဆိုနိုင်ပါတယ်"

"ကျေးဇူးပါ ဝမ်ရယ်(ဦးရီးတော်)"

ထို့နောက် ဝမ်ရယ်သည် နောက်မှ အစေခံငယ်အား လက်ဟန်ပြလိုက်ကာ အခန်းထဲသို့ တစ်ခုခုအား ယူဆောင်စေလိုက်လေရာ အားလုံးမှာ စူးစမ်းလိုဟန်အပြည့်ဖြင့် မျက်လုံးကလေးများ ဘလင်း ဘလင်း ထသွားကြတော့သည်။

"ဟင်!!" "ဟာ"

သူတို့အားလုံး အံ့အားသင့်သွားကြသည်။

Who Is The Conqueror?Where stories live. Discover now