နတ်ဖတ်တဲ့စုံတွဲ

816 69 41
                                    






၀မ်ရိပေါ်တစ်ယောက် သူ၏အဆောင်ရှေ့၊ ချယ်ရီပင်ကြီးအောက်‌ရှိ ကျောမှီထိုင်ခုံတွင် မှီထိုင်ကာ မုထုံ(အစေခံအမည်)လှော်ပေးထားသည့် ဖရဲသီးစေ့များအား အခွံနွှာစားရင်း အတွေးထဲမြောနေမိလေသည်။

သူ    သည်ကမ္ဘာသို့ အချိန်ကူးပြောင်းလာသည်မှာ ယနေ့နှင့်ဆိုလျှင် အချိန် နှစ်ပါတ်ခန့်ရှိနေလေပြီ။ရောက်ကာစက သည်ကမ္ဘာ၏  ဗရုတ်သုတ်ခများအား ကျင့်သားမရနိုင်စွာ ကြုံတွေ့ရပါသော်လည်း ယခုအခါတွင်တော့ အနည်းငယ် ကျင့်သားရနေ‌ပြီဟု ဆိုနိုင်လေသည်။

သည် အချိန်နှစ်ပါတ်အတွင်း ရိပေါ်   မုထုံ ဆီမှ စုံစမ်းမိထားသလောက်ဆိုလျှင် ယခု ရိပေါ်၀င်ထားသော ခန္ခာကိုယ်ပိုင်ရှင်သည် ထန်ပြည်၏ ပညာရေးအမတ်ကြီး၀မ်၏ သားသုံးယောက်အနက်မှ တတိယသခင်လေးတစ်ဖြစ်လဲ အငယ်ဆုံးသခင်လေး၀မ်ရိပေါ် ဆိုသူဖြစ်သည်။

တော်သေးသည်က သူ(ယခင် ခန္ခာပိုင်ရှင်)သည်  သူ(ရုပ်ရှင်ဧကရာဇ်၀မ်)နှင့် နာမည်ချင်းဆင်တူသလို ရုပ်ရည်သည်လည်း မကွဲပြားသောကြောင့်ပင်။

သို့သော်ငြား အကျင့်စရိုက်သည်ကား များစွာ ကွာခြားလှပေသည်။

ယခင်ပိုင်ရှင်သည်  သူ၏ လှပသော ရုပ်ရည်နှင့်လိုက်ဖက်စွာ နွဲ့နှောင်းချိုသာသော ကြာပန်းဖြူအလှကလေးဖြစ်ပေရာ မိမိလို ဖြောင့်မတ်တည်ကြည်  ထက်မြတ်ကာ စူးစမ်းလေ့လာ တတ်သော ရုပ်ရှင်ဧကရာဇ်တစ်ပါးနှင့်တော့ ဆီနှင့်ရေလိုပါပေ။

(Daddy - စပ်စုစိန်ဆို စပ်စုစိန်ပြောပါ my sonရယ်..ဟားဟား)

ယခင် ပိုင်ရှင်တွင် တစ်မိတည်းမွေးဖွားသော အစ်ကိုအရင်း နှစ်ယောက်ရှိလေသည်။၀မ်အမတ်ကြီးတွင် များစွာသော ကိုယ်လုပ်တော်များ၊ဇနီးသည် များရှိသော်လည်း  ပထမ တရား၀င်ဇနီးကြီးမှမွေးသော သားသုံးယောက်မှလွဲ၍ ကျန် သားသမီးများ မရှိပေ။အကြောင်းမှာကား ၀မ်သခင်ကြီးသည် ၀မ်သခင်မကြီး(ယခင်ပိုင်ရှင်မိခင်) တစ်ယောက်တည်းကိုသာလျှင်  ပြင်းပြစွာ ချစ်မြတ်နိုးခြင်းကြောင့်ပင်ဖြစ်သည်။

ထိုအကြောင်းကို တွေးမိသောအခါ ၀မ်ရိပေါ်တစ်ယောက် မျက်နှာအား မဲ့ရွဲ့ပစ်လိုက်တော့သည်။

You've reached the end of published parts.

⏰ Last updated: Apr 06, 2023 ⏰

Add this story to your Library to get notified about new parts!

Who Is The Conqueror?Where stories live. Discover now