ညို့(part-1)

8.7K 322 6
                                    

'စွဲညို့ရေ အောက်မှာ ဧည့်သည်တွေရောက်နေပြီ ဆင်းခဲ့တော့လေ...'

'ဟုတ် မာမီ လာပါပြီ'

ဒီနေ့က စွဲညို့မွေးနေ့လေ။ အသက်၂၆နှစ်ပြည့်မွေးနေ့။ဘာလိုလိုနဲ့ စွဲညို့တောင် over25ဖြစ်သွားပြီ။

'အား...'

'အမလေး...'

'အီးဟီး...'

'ဟယ် ကလေးလေး အရမ်းနာသွားလား ပြပါအုန်း'

'အီး..ဟီး..လက်..ဟင့်..လက်နာတယ်'

စွဲညို့လည်း အတွေးလွန်ပြီး ဆင်းလာတာ အောက်မကြည့်မိဘူး။ အောက်ရောက်တော့ ကလေးတစ်ယောက်နဲ့တိုက်မိပါတော့တယ်။

ကလေးကလည်း အရှိန်နဲ့ပြေးလာတော့ ပြစ်လဲကျသွားတဲ့ အရှိန်တော်တော်များပုံရတယ်။ လက်နာတယ်ဆိုလို့ လက်ကိုကြည့်လိုက်တာ တံတောင်ဆစ်လေး ပွန်းသွားတယ်လေ။

'အယ်..ပွန်းသွားတာဘဲ လာ အန်တီဆေးထည့်ပေးမယ်'

'ဟုတ်ကဲ့'

ထိုကလေးငယ်ကို စွဲညို့အခန်းထဲခေါ်သွားရသည်။ ဆေးဘူးက စွဲညို့အခန်းထဲရောက်နေတာကိုး။

'လာ ကလေး ဒီမှာထိုင်'

'ဟုတ်ကဲ့'

စွဲညို့လည်း ဆေးဘူးယူပြီး ကလေးကိုကြည့်လိုက်တော့ ဘယ်အချိန်ကတည်းက အငိုတိတ်နေမှန်းမသိ။ ကလေးငယ်မှာ ငိုထားတော့ နှာထိပ်လေးအနည်းငယ်ရဲနေသည်။

အခုမှ သေချာကြည့်မိတယ် ထိုကလေးမှာ suitအပြည့်နဲ့ပင်။ ယောကျ်ားလေးဟုထင်သည်။ အလွန်ဆုံးရှိ ၅နှစ် ၆နှစ်ပေါ့။

'အန်တီ သားအရမ်းနာနေပြီ ဆေးအရင်ထည့်ပေးပြီးမှ ဆက်ငေးလို့မရဘူးလားဟင်'

ဟုတ်ပါရဲ့ စွဲညို့သူ့ကိုငေးနေမိတာ အတော်ကြာပြီဘဲ။

'ေအး..အေး...လာ..အန်တီ ဆေးထည့်ပေးမယ်'

'အ့'

'စပ်လို့လားကလေး လာအန်တီမှုတ်ပေးမယ်'

'အန်တီက အရမ်းလှတာဘဲနော်'

'ဟင်..'

'အန်တီကို အန်တီလှလှလို့ခေါ်လို့ရဝူးလား'

'လှလှက အန်တီ့နာမည်မှ မဟုတ်ဘဲကွယ်'

'အာ့ဆို အန်တီနာမည်က ဘာလဲ'

ညို့Where stories live. Discover now