ညို့(part-17)

1.6K 90 4
                                    

'ညို့....'

'ရှင် ဒေါက်တာ ဘာကြီးလဲဟင်'

တာရာနာမည်ကို နောက်တစ်ခါပြန်ဖတ်လိုက်မှ တာရာနာမည် မှားဖတ်လိုက်ခြင်းပင်။

'‌အာ ဆောရီးပါဗျ လူမှားသွားလို့'

တာရာလည်း ထိုလူနာကို စမ်းသပ်ပေးပြီးနောက် ဂျူတီချိန်ပြီး၍ အိမ်ပြန်ဖို့ ထွက်လာခဲ့သည်။

----------

နောက်နေ့မနက် တာရာနိုးလာတော့ အိမ်ရှေ့မှ ဘဲလ်သံတိုးတိုးလေးကိုကြားရသည်။

တာရာတံခါးသွားဖွင့်ပေးလိုက်တော့

'ဆူ..ဆူဇီကို'

'တာရာ နင်တကယ်ပြန်ရောက်နေတာဘဲ'

'အင်း အိမ်ထဲဝင်လေ'

'အေး အေး'

တာရာလည်း ဆူဇီ့ကို အိမ်‌ထဲခေါ်လာလိုက်သည်။ ဆူဇီ့အနောက်တွင် ရွှေကိန္နရီမေပါပါလာသည်။

'ထိုင်ကြအုန်းနော် ငါမျက်နှာသွားသစ်လိုက်အုန်းမယ်'

'အေး အေး‌‌'

တာရာမျက်နှာသစ်ပြီးပြန်ထွက်လာတော့ သူတို့နှစ်ယောက်အတွက် ကော်ဖီဖျော်ကာ မုန့်တချို့ထည့်ပြီး ယူသွားပေးလိုက်သည်။

'စားကြအုန်း အိမ်မှာ ဒါဘဲရှိတယ်'

'ရတယ် ရတယ်'

'ဒါနဲ့ နှစ်ယောက်က ဘယ်တုန်းက ခင်သွားကြတာလည်း'

'Uniမှာခင်ပြီး ငါနဲ့ ရွှေနဲ့...'

'အော် သိပြီ သိပြီ'

'တာရာ ကိန္နရီတို့ခုလာတာ တာရာ့ကို အမှန်တရားတစ်ခုပြောပြချင်လို့'

'အမှန်တရား...'

တာရာအတွေးတွေများနေမိသည်။ ထိုအမှန်တရားက ဘာများဖြစ်နေမလဲ။

'အင်း တီလေးနဲ့ပတ်သက်ပြီး'

'ညို့...ညို့ဘာဖြစ်လို့လဲ'

'နင်မမေ့နိုင်သေးဘူးဘဲ တာရာ'

'ဟင် ငါ ငါမေ့နိုင်သွားပါပြီ'

'နင်မလိမ်စမ်းပါနဲ့ဟာ နင်အခုဘဲ ညို့လို့ခေါ်လိုက်တာလေ'

'အေးပါဟာ ဟုတ်ပါတယ် ငါမမေ့နိုင်သေးဘူး'

ညို့Where stories live. Discover now