ညို့(part-10)

2.4K 119 2
                                    

တာရာတို့ အရှေ့ပြန်ရောက်တော့ ဦးနေမျိုးမင်းမြတ်မှာ ပြန်သွားလေပြီ။ဦးနေမျိုးမင်းမြတ်မှာ အခြားသူမဟုတ် daddyရဲ့ အကိုဖြစ်သူပင်။

'ကြာဖြူ နင်တို့ ညနေထိနေအုန်းမှာလား'

'အေး'

'ငါနဲ့ တာရာပြန်တော့မယ် သိပ်ပြီယနေမကောင်းချင်သလို ဖြစ်နေလို့'

'ဟုတ်လား အေး အေး အဲ့တာဆိုပြန်လေ'

'အင်း ကြီးကြီးတို့ကို နင်ပြောပေးပါအုန်းနော်'

'အေး ငါပြောလိုက်မယ်'

'အင်း'

ညို့လည်း တာရာနဲ့ အတူတူ taxiငှားပြီး အိမ်ပြန်လာခဲ့လိုက်သည်။

'ညို့ တကယ်ဘဲနေမကောင်းဘူးလား'

'မဟုတ်ဘူးမောင်'

'အော်...အိမ်ရောက်ရင် တစ်ရေးလောက်အိပ်လိုက်နော် မောင်ချော့သိပ်မယ်'

'အင်း'

သူတို့အတွဲကိုကြည့်ကာ taxiသမားကြီးက ပြုံးစိစိနှင့်ပင်။

အိမ်ပြန်ရောက်တော့ ညို့လည်း ရေချိုးပြီး ကုတင်ပေါ်မှာ လှဲနေလိုက်သည်။ မောင်ကတော့ ရေသွားချိုးလေသည်။

'ညို့ အိပ်နေပြီလား'

'ဟင့်အင်း မောင့်ကို စောင့်နေတာ'

'အင်း မောင်လာပြီနော်'

'အင်း'

'မောင့်လက်မောင်းကို ခေါင်းအုံးပြီး အိပ်မလား'

'အင်း'

မောင့်လက်မောင်းလေးအပေါ် ညို့ခေါင်းအုံးလိုက်သည်။

'မောင်'

'ဟင်'

'ကျေးဇူးပါဘဲနော်'

'ဘာလို့လဲညို့'

'ညို့ကို ယုံပေးလို့လေ ပြီးတော့ စိတ်လည်းမဆိုးလို့'

'ဟင့်အင်း မောင်စိတ်ဆိုးတယ်'

'ဟင်'

'အင်း မနက်ကလေ ညို့ကို ဟိုကောင်မလေးက ဖက်နေတာ လွှတ်တောင် မလွှတ်တော့ဘူး'

'အဲ့တာ ညို့တူမလေး မောင်'

'ဒါပေမယ့် မောင့်ညို့ကို ပိုင်ဆိုးပိုင်နက်နဲ့ ဖက်နေတာ မလွှတ်တော့ဘူး'

ညို့Where stories live. Discover now