ညို့(part-6)🌚

4.7K 168 8
                                    

စွဲညို့ အနားရောက်သွားတော့ တာရာက စွဲညို့ကို ကုတင်ပေါ် ဆွဲချလိုက်သည်။ စွဲညို့လည်း ကုတင်ပေါ်သို့လဲကျသွားသည်။

ထို့နောက် တာရာက စွဲညို့အပေါ်ကို အုပ်မိုးကာ စွဲညို့နှုတ်ခမ်းများကို အပိုင်သိမ်းလိုက်သည်။

စွဲညို့ မငြင်းပယ်ချင်ပါ။ တာရာ့ နှုတ်ခမ်း၏ အထိအတွေ့ကို စွဲညို့မလွန်ဆန်နိုင်ပါ။

'တီချယ်..ကတော့..ကတော့..ကတော့ပါနော်'

'...'

တာရာက နမ်းပြီးတော့ မျက်နှာငယ်လေးနှင့် အသည်းအသန် ကတော့နေသည်။

'ရပါတယ် တီချယ်ကဘဲ တာရာ့ကို အလုပ်နဲ့ သက်သေပြခိုင်းမိတာကို'

'...'

'အိပ်ကြမယ် ညဥ့်နက်နေပြီ'

'ဟုတ်'

တီချယ်ကလည်း တီချယ့်ကုတင်ပေါ်တတ်သွားကာ တာရာလည်း ကိုယ့်ကုတင်ပေါ် ကိုယ်တတ်နေလိုက်ပြီး နှစ်ယောက်သား ကျောခိုင်းထားကြသည်။

ခဏကြာတော့ တာရာအခန်းထဲက ထွက်သွားသည်။ မထွက်သွားခင် ဘီရိုထဲက တစ်စုံတစ်ခုကိုယူသွားသည်။

တာရာ ဝရံတာကို ထွက်လာပြီး လက်ထဲက စီးကရက်ကို အနည်းငယ်ရှိုက်လိုက်သည်။ ထိုအချိန်တွင် တီချယ် အနောက်မှာရောက်နေသည်ကို တာရာသတိမထားမိပေ။

'တာရာမောင်မောင်'

တာရာလှည့်ကြည့်လိုက်တော့ တီချယ်ပင်။

'ဗျ..ဗျာ'

'အဲ့တာ ဘာလုပ်နေတာလည်း'

'ဘာ..ဘာမှမလုပ်ပါဘူး တီချယ်'

'အငွေ့တထောင်းထောင်းထွက်နေတာ ဘာမှမလုပ်တာလား ပြစမ်း..'

ဟုဆိုကာ အနောက်တွင် ဖွက်ထားသော လက်ကလေးကို ဆွဲယူပြီး ကြည့်လိုက်သည်။

'စီးကရက်တွေ'

'...'

'မင်းဘယ်တုန်းကတည်းက အဲ့တာတွေသောက်တတ်နေတာလဲ'

'တာ..တာရာ တစ်..တစ်ခုခု အမှားလုပ်မိတာဘဲဖစ်ဖြစ် ဝမ်းနည်းရင်ဘဲ ဖြစ်ဖြစ် စိတ်ကျဥ်းကျပ်ရင်ဘဲ ဖြစ်ဖြစ် စိတ်ဖြေအောင် တစ်လိပ်လောက်သောက်တာပါ'

ညို့Where stories live. Discover now