ညို့ (Part-14)

1.7K 101 1
                                    

မနက်စာစားပြီးပြန်လာတော့ ညို့ကဟင်းချက်ကာ မောင်က အပေါ်မှာ စာလုပ်နေသည်။

'ညို့ရေ....ညို့....တီချယ်...အားးး...တီချယ် ကယ်ပါအုန်း'

အပေါ်ထပ်ကန အသည်းအသန်အော်ခေါ်နေသော မောင့်အသံကြောင့် ညို့အမြန်တတ်သွားမိသည်။

'ဘာဖြစ်လို့ မောင် ဘာဖြစ်လို့လဲ'

ကုတင်ပေါ်တင် ကျုံ့ကျုံ့ကလေးထိုင်ကာအော်နေသောမောင်။

'ဟိုမှာ အိမ်..အိမ်မြောင်'

'ဘယ်မှာလဲ'

'ဟိုမှာလေ'

ညို့က လက်ကိုရမ်းလိုက်တော့ အိမ်မြောင်က ထွက်ပြေးသွားသည်။

'ဟူး ညို့ကယ်ပေလို့ဘဲ'

'ငကြောက်လေး အိမ်မြောင်လေးကိုကြောက်နေတယ်'

'ကြောက်စရာကြီးကို အဲ့အိမ်မြောင်ကြီးက'

'အိမ်မြောင်ပေါက်စလေးကိုကွယ်'

'ညို့ အနံ့တစ်ခုခုရသလိုဘဲနော်'

'ဟယ် ဟုတ်သားဘဲ ဟင်းအိုးမီးမပိတ်ခဲ့ဘူး တူးပြီလားမသိဘူး'

ဟုပြောကာ အိမ်အောက်သို့ပြေးဆင်းသွားသည်။

'ညို့ကတော့လေ'

__________

ညနေ မာမီတို့ပြန်လာမည်ဟု ဖုန်းဆက်သဖြင့် တာရာ ညို့နဲ့အတူ သွားကြိုဖို့လုပ်လိုက်သည်။

'မောင်ရေ မပြီးသေးဘူးလား'

'ပြီးပါပြီဗျာ'

'ကြာဖြူတို့ကို သွားကြိုတာ ဘာလို့ အဲ့လောက်တောင်ပြင်ဆင်နေရတာတုန်း'

'လေဆိပ်က လေယာဉ်မယ်လေးတွေကို ငမ်းမလို့လေ'

'ဘာ....ဘာပြောလိုက်တယ်'

ညို့က တာရာ့ဗိုက်ခေါက်ကိုလိမ်ဆွဲလိုက်သည်။

'အား..အား ညို့ နာတယ် နာတယ် မောင်ကစ‌တာလေကွာ'

'နောက်ခါ အဲ့လိုလုံးဝမစနဲ့ နောက်ခါအဲ့လိုပြောရင် ဒီထက်ပိုဆိုးမယ်မှတ် ဟွန့်'

'ဟိုက် စိတ်ဆိုးသွားပြီ'

တီချယ်က lover seatမှာထိုင်နေသည်။ ဆိုလိုသည့်သဘောက တာရာ့ကို ကားမောင်းစေချင်တာပေါ့။

ညို့Where stories live. Discover now