အပိုင်း[ ၃]

10.5K 501 6
                                    

Unicode

အကြင်နာ အခုရက်ပိုင်းမမရှိရာအိမ်ဘက်သို့သိပ်မသွားဖြစ်တော့ပါ။မသွားရဲတာဆိုပိုမှန်လိမ့်မည် ။မမရဲ့ခပ်စိမ်းစိမ်းအပြုအမူတွေက အကြင်နာ့အားနေရခက်စေခဲ့ပါသည်။

ထိုတစ်‌နေ့။
အဲ့ဒီနေ့ကကျောင်းပိတ်ရက်ဖြစ်‌သောကြောင့်
အကြင်နာ အဒေါ်နှင့်အတူ Ocean သို့သွားဖြစ်ခဲ့သည်။

တိုက်ဆိုင်တယ်လို့ပဲ‌ ပြောရမလား။
အဲ့ဒီမှာမမနှင့်ဆုံသည်။မမက သူ့သူငယ်ချင်းတွေနဲ့လာတာဟုတ်ဟန်မတူပါ။မမဘေးမှာ အကြင်နာသိတဲ့ မမလေပြေတို့မမသက်ထားတို့အားမတွေ့ရ။
မမကို မထင်မှတ်ဘဲတွေ့ရသဖြင့် အကြင်နာ သိပ်ကိုပျော်မိသွား၏။
မမနဲ့အကြည့်ချင်းဆုံသဖြင့်မမအားပြုံးပြလိုက်သည်။
သို့သော် မမကအကြင်နာပြုံးပြကာမှ မျက်နှာအားတစ်ဖက်လှည့်သွားကာ မမြင်ချင်ယောင်ဆောင်သည်။

မမရဲ့ထိုအပြုအမူကြောင့်စိတ်ထဲသိမ်ငယ်စိတ်ဝင်သွားမိသည်။ ဝမ်းနည်းရသည်။
ထိုခံစားချက်ဟာ ပြောမပြတတ်အောင်ပါပဲ။ မမကမမြင်လို့များလားလို့ဖြည့်တွေးရအောင်လည်း မမနဲ့တောင်အကြည့်ချင်းဆုံလိုက်သေးတာပဲ။
မြင်ရက်သားနဲ့ တမင်ကိုမျက်နှာလွဲသွားခဲ့တယ်ဆိုတာ အကြင်နာအတပ်သိသည်။

ဘာအမှားမှ ကျူးလွန်မထားဘဲ မိမိအား
မုန်းတီးနေခြင်းတွေအပေါ်'ငါဘာများမှားလို့လဲ'ဟု ထပ်တလဲလဲမေးခွန်းထုတ်ခဲ့မိသည်။

အိမ်ပြန်ရောက်တော့ ဟန်မဆောင်နိုင်စွာငိုခဲ့သည်။
ထိုနေ့က တစ်နေ့လုံးမမကြောင့် အကြင်နာ ငိုခဲ့ရသည်။

***

"ညီမလေး အကြင်နာ‌လေးကအခုတလောအိမ်ဘက်မလာပြန်ဘူးနော်"

"ဟုတ်တယ် မမသက်ထား ။သမီးမေးတော့လည်း ဘာမှမဖြစ်ဘူး ပျင်းလို့ လို့ပြောတာပဲ"

"အိမ်လာခဲ့ဖို့ပြောလိုက်ပါဦး ညီမလေး။အဲ့ဒီကလေးက တကယ်ခင်ချင်စရာကောင်းတာ"
ပြောလာသူက မမလေပြေ။

"ဟုတ်ကဲ့ သမီးဒီနေ့ အကြင်နာ့ဆီသွားမှာ မမလေပြေ။အဲ့ဒါပြောခဲ့မယ်လေ"

"အင်း ညီမလေး"

မမရဲ့သူငယ်ချင်းများဟာ ဆုဆုကို‌ရော
အကြင်နာ့ကိုရော ခင်မင်ကြသည်။
ထိုထဲတွင် မမသုမပါခဲ့ပါ။
ဆုဆုကိုလည်း ခပ်တန်းတန်းနေသလို
အကြင်နာ့ကိုလည်း ခပ်တန်းတန်းနေသည်။

ချစ်သော အကြင်နာ(Completed)Where stories live. Discover now