အပိုင်း[၃၅]

9.9K 439 6
                                    

Unicode

အကြင်နာဒီနေ့ဖျားသဖြင့်ခွင့်ယူထားရသည်။
ဆေးရုံမသွားခင်အထိ မမကတတွတ်တွတ်နဲ့ဆူခဲ့သေးသည်။မမဆူတာလည်းအပြစ်တော့မဟုတ်ပ့ ။
ညဘက်ကြီးရောက်မှ ရေချိုးခေါင်းလျှော်ပစ်ခဲ့မိတဲ့ကိုယ့်အပြစ်ပါ။

အရင်တုန်းကဖျားနာနေမကောင်းဖြစ်ရင်
မေမေ့ကိုသတိရစမြဲ။သေချာမမှတ်မိသော်လည်း ကလေးတုန်းကမှတ်ဉာဏ်လေးမှာတောင် မေမေဟာ အကြင်နာ့အပေါ်အနွေးထွေးဆုံးဖြစ်ခဲ့ဖူးသည်။ အကြင်နာ‌မေမေ့ကိုလွမ်းဆွတ်၍ငိုကြွေးခဲ့ရတဲ့ညပေါင်းလည်းမနည်းလှခဲ့ပါ။‌
နောက်မိန်းမကိုမလွန်ဆန်ဝံ့တဲ့ဖေဖေနဲ့
‌အကြင်နာ့ကိုအမြင်မကြည်သော မိထွေးတို့ကြောင့်လည်းငိုကြွေးရသည်မှာအခါခါ။
ထိုကြားထဲမှ ရင်ခုန်သံတစ်စုံပေါက်ဖွားကာ မိန်းမလှလေးတစ်ဦးအားချစ်မိခြင်းမှစ၍ နေ့ရက်တိုင်းမှာ မျက်ရည်များနှင့်အဖော်ပြုခဲ့ရသည်။အခုအချိန်မှာတော့ဒါတွေဟာကျော်လွန်ခဲ့ပါပြီ။အချစ်ရဆုံးသူဟာ ကိုယ့်အနားမှာရှိနေခဲ့ပြီပဲ။

ဖုန်းမြည်သံကြောင့်ကြည့်မိတော့contactsမှာပေါ်လာတဲ့နာမည်လေးက Dearest Ma Maတဲ့။အကြင်နာပြုံးလိုက်မိသည်။
မမအနှောက်အယှက်ဖြစ်မှာစိုး၍ ဖုန်းမခေါ်ခဲ့ပေမဲ့ မမဆီကဖုန်းကိုမျှော်နေမိခဲ့သည်။

တကယ်ပင် မမကိုတစ်နေကုန်လွမ်းနေခဲ့တာ။

"ဟဲလို မမ"

"ကလေး သက်သာရဲ့လား..မမစိတ်ပူနေတာ"

မမဆီမှ ဂရုဏာနာသံလေးရောနေတဲ့အသံလေးထွက်လာသည်။

"သက်သာပါတယ်မမရဲ့ မနက်ကလည်းမမဆေးထိုးပေးထားတာကို"

အကြင်နာတကယ်လည်းသက်သာနေပြီ။ဆေးကြောက်တဲ့အကြင်နာလည်း မမကိုကြောက်ရသဖြင့် မညဥ်းမညူသောက်ခဲ့ရသည်။

"သက်သာတယ်ဆိုလည်းတော်ပါသေးရဲ့..မမကအခုလှည်းတန်းဘက်ရောက်နေတာ..ကလေးဘာစားမလဲဟင် ..မမမင်းအတွက်မုန့်ဝယ်ခဲ့မလို့"

"အဲ့ဒါဆို စတော်ဘယ်ရီသီးဝယ်ခဲ့ပေး မမ..."

"အင်းအင်း...ကလေးက စတော်ဘယ်ရီကြိုက်တာလား"

"ဟုတ်တယ် မမ"

"ဟုတ်ပါပြီ အခြားဘာစားချင်သေးလဲ"

ချစ်သော အကြင်နာ(Completed)Where stories live. Discover now